ပိတ်မိကလေးငယ်များ ကယ်ဆယ်ရေး ဒုတိယနေ့တွင် လေးဦး ကယ်ထုတ်နိုင်

ပိတ်မိကလေးငယ်များ ကယ်ဆယ်ရေး ဒုတိယနေ့တွင် လေးဦး ကယ်ထုတ်နိုင်

ဘန်ကောက်၊ ဇူလိုင် ၉ ။            ။ လိုဏ်ဂူအတွင်း ပိတ်မိနေသော ထိုင်းလူငယ်ဘောလုံးအသင်းနှင့် နည်းပြဖြစ်သူတို့အား ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကယ်ထုတ်ရာတွင် ဇူလိုင် ၉ ရက်က လေးဦးအား ထပ်မံ ကယ်ထုတ်နို်င်ခဲ့သည်။

မယ်ဆိုင်က လိုဏ်ဂူအတွင်း ပိတ်မိနေခဲ့သည်မှာ သီတင်းနှစ်ပတ်ကျော် ကြာမြင့်ပြီးဖြစ်သည့် လူငယ်လေး ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့ကို ဇူလိုင် ၈ ရက်က ကယ်ထုတ်မှုတွင် ကလေးငယ် လေးဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကာ ယနေ့တွင် ဒုတိယမြောက် ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်သည်။

လိုဏ်ဂူအဝင်ပေါက်က ကယ်ဆယ်ရေးစခန်းချထားရာ တစ်နေရာတွင် ရှိနေသော မျက်မြင်တစ်ဦးက ယနေ့တွင် မျက်နှာပြည့် ရေငုပ်မျက်နှာဖုံးများ ဝတ်ဆင်လျက် လူငယ်လေးဦးကို ဂူတွင်းမှ ကယ်ထုတ်လာသည်ကို မြင်တွေ့ရကြောင်း စီအင်န်အင်န်သို့ ပြောကြားခြင်း ဖြစ်သည်။

၎င်းလူငယ်လေးများမှာ ရေကူးဝတ်စုံများလည်း ဝတ်ဆင်ထားပြီး ၎င်းတို့ကို လူနာထမ်းစင်ဖြင့် ကယ်ထုတ်ကာ အနားရှိ ယာယီဆေးရုံငယ်သို့ ပို့ဆောင်သွားကြောင်း ၎င်းမျက်မြင်က အတည်ပြု ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly