အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်အား ၁၅ နှစ်အရွယ်က သက်ငယ် မုဒိမ်းကျူးလွန်ခဲ့မှု ဖြစ်ပွား

အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်အား ၁၅ နှစ်အရွယ်က သက်ငယ် မုဒိမ်းကျူးလွန်ခဲ့မှု ဖြစ်ပွား

ဖြူး ဇူလိုင် ၉ ။           ။ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ရှိ နေအိမ်တစ်အိမ်အနီး အိမ်နီးချင်းကလေးငယ်များ အတူ ဆော့ကစားနေစဉ် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်အား အသက် ၁၅ နှစ်အရွယ်က သက်ငယ် မုဒိမ်းကျူးလွန်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ရ ရက် နေ့လည် ၁၁ အချိန် မ-------- အသက် ၅ နှစ် ၆ လသည် အိမ်နီးချင်းနေ ကောင်လေး(ခ)ထက်လင်းအောင် (၁၃)နှစ်၏ နေအိမ်အောက်တွင် ကလေးများနှင့်ဆော့ကစားနေစဉ် ခန့်ကို(၁၅)နှစ် နှင့် ထက်လင်းအောင်တို့နှစ်ဦးက နေအိမ်ပေါ်သို့ ခေါ်ဆောင်၍ ကျူးလွန်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ခန့်ကို (၁၅ နှစ်)က ကျူးလွန်ခဲ့ပြီး ထက်လင်းအောင်( ၁၃ နှစ်)က အိမ်အောက်ရှိ ကလေးများ တက်မလာစေရန် စောင့်ကြည့်ပေးခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းရာမှ သိရှိရသည်။

မ------၏ ပေါင်အရင်းအတွင်းပိုင်း၌နီရဲပွန်း ဒဏ်ရာများရှိခဲ့သည့် ၎င်းဖြစ်စဉ်အား မိဘများသိရှိပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးက နှစ်ဘက်မိဘများနှင့် ဖြေရှင်းဆောင်ရွက်ပေးသော်လည်း မ-----၏ မိခင်ဖြစ်သူက မကျေနပ်သဖြင့် ဇူလိုင် ၈ ရက်နေ့တွင် ဖြူးရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သည်။

ထိုသို့ ပြုကျင့်သူ ခန့်ကိုနှင့် ထက်လင်းအောင်တို့အား ဖြူးရဲစခန်းက(ပ)၃၄၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁/၁၁၄အရ အမှုဖွင့်အရေးယူထားပြီး မ------အား ဆေးစာဖြင့် ဖြူးဆေးရုံသို့ ပို့အပ်စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly