ဘာလီဆိပ်ကမ်း၌ အကြီးအကျယ်မီးလောင်

ဘာလီဆိပ်ကမ်း၌ အကြီးအကျယ်မီးလောင်

ဇူလိုင် ၉ ။           ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်း ဆိပ်ကမ်းတွင် ဇူလိုင် ၉ ရက်က မီးအကြီးအကျယ် လောင်ရာ စက်လှေ ဒါဇင်များစွာ မီးလောင်ပြီး မီးသတ်သမားများ ကြိုးစားပမ်းစား မီးကို ငြိှမ်းသတ်ယူရသည်။

ညလယ်ပိုင်းအချိန်က မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကာ လျင်မြန်စွာ ကူးစက်၍ ပြည်တွင်းရေယာဉ် အစီး ၄၀ နီးပါး မီးကူးစက်ခြင်းဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရသူ သတင်း မကြားရကြောင်း ရဲက ပြောသည်။

“ခုထိတော့ ထိခိုက်ဒဏ်ရာရသူ စာရင်း မသိရသေးပါဘူး။”ဟု ဘာလီရဲဌာန ပြောခွင့်ရသူ ဟန်ကီဝိဂျာဂျာက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

ခရီးသွားများ အဓိက ရောက်ရှိသည့် ကူတာဆိပ်ကမ်း အနောက်နားက ဘီနိုနာဆိပ်ကမ်းတွင် ယခု မီးလောင်မှုောကာင့် ညကောင်းကင်ယံ မီးညွန့်များ တောက်လောင်နေကာ မီးခိုးမည်းလုံးများ ဖြစ်ပေါ်နေသည်ကို မြင်တွေ့ရသည်။

နံနက်ခင်းလယ်အထိ မီးသတ်သမားများကို မီးကိုငြိှမ်းသတ်နိုင်ရေး ကြိုးစားနေခဲ့ရဆဲ ရှိသည်။

စက်လှေသမားတစ်ဦးဖြစ်သူ ဆူပရီယန်တိုက ၎င်း၏ စက်လှေအတွင်း အိ်ပ်စက်နေစဉ် နိုးလာပြီးနောက် စက်လှေ အပေါ်ပိုင်းတွင် မီးလောင်နေသည်ကို မြင်တွေ့ရခြင်းပဲ ဖြစ်ကြောင်း ပြောသည်။

အဆိုပါ မီးသည် ကုန်တင်သင်္ဘောငယ်များ အပါအဝင် အနားက စက်လှေများကို လျင်မြန်စွာ ကူးစက်ကြောင်း ၎င်းက ပြောသည်။

မျက်မြင်များက မီးမှာ လျှပ်စစ်ချို့ယွင်းမှုကြောင့် စတင်လောင်ကျွမ်းသည်ဟု ယူဆကြောင်း ပြောကြသော်လည်း အာဏာပိုင်များက အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly