ကမ္ဘာ့ဖလားကွာတားက ထွက်ခဲ့ရပြီးနောက် နေရပ်ကို မရွှင်မပျနဲ့ ပြန်ရောက်လာတဲ့ ဘရာဇီးအသင်း

ကမ္ဘာ့ဖလားကွာတားက ထွက်ခဲ့ရပြီးနောက် နေရပ်ကို မရွှင်မပျနဲ့ ပြန်ရောက်လာတဲ့ ဘရာဇီးအသင်း

ဇူလိုင် ၉၊ ရီယိုဒီဂျနေးရိုး။          ။ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယံကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ဘရာဇီးကစားသမားတွေဟာတနင်္ဂနွေနေ့မှာ ရီယိုဒီဂျနေးရိုးကို မရွှင်ပျတဲ့ ခံစားချက်တွေနဲ့ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

ခါဇန်ကနေ ပြန်လာကြတဲ့ ဘရာဇီးအသင်းသားတွေဟာ ဂယ်လီယာအိုလေဆိပ်ကိုရောက်ရှိလာချိန်မှာ ကမ္ဘာ့ဖလားမှာကြံုခဲ့ရတဲ့ စိတ်ပျက်စရာရလဒ်ကြောင့် မရွှင်မပျဖြစ်နေကြတာပါ။

ဘရာဇီးမြေကိုပြန်လည်ရောက်ရှိလာကြသူတွေထဲမှာ ကော်တင်ဟို၊ ဒေါက်ဂလပ်စ် ကော်စတာနဲ့ နည်းပြ တိုက် တို့လည်း ပါဝင်ပါတယ်။

လေဆိပ်ကိုရောက်လာတဲ့ ဘရာဇီးအသင်းကို ပရိသတ်တချို့လာရောက်ကြိုဆိုခဲ့ကြပေမယ့် စည်စည်ကားကားတော့ မရှိခဲ့ပါဘူး။ ကစားသမားတချို့နဲ့ နည်းပြဟာ ပရိသတ်တွေကို အမှတ်တရလက်မှတ်ထိုးပေးတာ၊ ဓါတ်ပုံတွဲရိုက်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ်က တောင်ကိုရီးယားနဲ့ ဂျပန်ပူးတွဲကျင်းပခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ဘရာဇီးအသင်းဟာ နောက်ဆုံးပြိုင်ပွဲလေးကြိမ်မှာ တစ်ကြိမ်သာ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly