ပိတ်မိထိုင်းလူငယ်အဖွဲ့ကို ဂူပြင်ကယ်ထုတ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေ

ပိတ်မိထိုင်းလူငယ်အဖွဲ့ကို ဂူပြင်ကယ်ထုတ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေ
Photo-Thai Navy Seal. Thai Navy Seal/Handout via REUTERS TV

ဇူလိုင် ၈ ။              ။ ထိုင်းလှိုဏ်ဂူထဲ ပိတ်မိနေတဲ့ ကျောင်းသား ၁၂ ယောက်နဲ့ ဘောလုံးအသင်း နည်းပြဖြစ်သူတို့ကို ဂူပြင်ကယ်ထုတ်ရတဲ့ သိမ်မွေ့ ခက်ခဲတဲ့ အော်ပရေးရှင်းကို လက်ရှိမှာ လုပ်ဆောင်နေလျက်ရှိပါတယ်။

ယင်းလူငယ်အုပ်စုကတော့ ဇွန်လ ၂၃ ရက်ကတည်းက ရှုပ်ထွေးတဲ့ သမ်လောင်ဂူထဲ ၀င်ရောက်သွားကြရင်းနဲ့ ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။

ယနေ့ ဇူလိုင် ၈ ရက်မှာတော့ ၎င်းတို့ကို ကယ်ထုတ်ရေးမစ်ရှင် တရားဝင် စတင်ပြီ ဖြစ်ကြောင်း မစ်ရှင်အကြီးအကဲက ပြောပါတယ်။

လူငယ်ကောင်လေးတွေရဲ့ အခြေအနေ၊ ဂူတွင်း ရေလယ်ဗယ်လိုမျိုး အခြားသော အခြေအနေတွေ သင့်တော်ကောင်းမွန်နေတာကြောင့် ယခုမစ်ရှင်ကို စတင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပထမဆုံး ကောင်လေးတွေကတော့ ဒေသစံတော်ချိန် ည ကိုးနာရီလောက်မှာ ဂူပြင်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly