မြောက်ကိုရီးယား၏ နျူကလီးယား ကတိကဝတ် ကျိန်းသေစေရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြံုယမ်းသို့ လာရောက်

မြောက်ကိုရီးယား၏ နျူကလီးယား ကတိကဝတ် ကျိန်းသေစေရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြံုယမ်းသို့ လာရောက်

 

ပြံုယမ်း၊ ဇူလိုင် ရ ။        ။ မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းမည်ဆိုသော ကတိကဝတ် အာမခံကျိန်းသေ ရှိစေရေး ကြိုးစားမှုအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုသည် ပြံုယမ်းသို့ ဇူလိုင် ရ ရက်တွင် ရောက်ရှိလာပြီး မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးကြသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်၏ ညာလက်ရုံးဖြစ်သူ ကင်ယောင်ချူးနှင့် နှစ်ရက်မြောက် တွေ့ဆုံဆွေးနွေးမှုအဖြစ် ပြံုယမ်းက ဧည့်ရိပ်သာတွင် ပွမ်ပီယိုက တွေ့ဆုံခြင်း ဖြစ်သည်။

“ကျွန်မတို့ရဲ့ ပေါ်လစီက မပြောင်းမလဲပါဘူး။”ဟု ပွမ်ပီယို၏ ပြောခွင့်ရ အမျိုးသမီး ဟီသာနူအက်က သတင်းထောက်များအား ပြောသည်။

“စင်ကာပူမှာ သမ္မတ ထရမ့်နဲ့ ကင်ဂျုံးအွန်တို့ ပူတွဲသဘောတူညီမှု ရထားတဲ့ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးဆိုတာကပဲ ကျွန်မတို့ရဲ့ အဓိက မျှော်မှန်းချက်ဖြစ်ပါတယ်။”ဟုလည်း ၎င်းက ပြောသည်။

ပွမ်ပီယိုက တွေ့ဆုံမှုတွင် ကင်ယောင်ချူးအား ပြောရာ “နှစ်နိုင်ငံကြား သဘောတူညီမှုအတိုင်း နျူကလီးယား ဖျက်သိမ်းရေး အလုံးစုံ ပြည့်စုံခြင်းဟာ မြောက်ကိုရီးယားရဲ့ တောက်ပတဲ့ အနာဂတ်အတွင်းလည်း ဖြစ်ပါတယ်။”ဟု ပြောဆိုသည်။

ကင်ယောင်ချူးကလည်း “အမှန်ပါပဲ၊ ဒါဟာ တကယ်ကို အရေးကြီးတဲ့ ကိစ္စရပ်ပါ။”ဟု ပြန်လည်ပြောဆိုခဲ့သည်။

ပွမ်ပီယိုအနေဖြင့် ယခု ခရီးစဉ်သည် မြောက်ကိုရီးယားသို့ သုံးကြိမ်မြောက် ရောက်ရှိခြင်းလည်း ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly