ဆိုမာလီက ပြည်ထဲရေးဝန်ကြီးဌာန တိုက်ခိုက်ခံရမှုအတွင်း ငါးဦး သေဆုံး

ဆိုမာလီက ပြည်ထဲရေးဝန်ကြီးဌာန တိုက်ခိုက်ခံရမှုအတွင်း ငါးဦး သေဆုံး

မိုဂါဒစ်ရှုး၊ ဇူလိုင် ရ ။                ။ ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှုးရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဇူလိုင် ရ ရက် နံနက်ပိုင်းက ဖော်ခွဲမှုနှစ်ရပ်ဖြစ်ပွားရာတွင် အရပ်သား ငါးဦး သေဆုံးခဲ့ကြောင်း ရဲတာဝန်ရှိသူတစ်ဦးက ပြောပြီး ရှာဘတ်စစ်သွေးကြွများ၏ နောက်ဆုံးတိုက်ခိုက်မှုတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“လွှတ်တော်နားမှာ ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ရုံးဝင်းကို ပစ်မှတ်ထားပြီး ဖောက်ခွဲတာ ဖြစ်ပါတယ်။ သေဆုံးသူ ငါးဦးနဲ့ ဒဏ်ရာရသူ ဆယ်ဦးကျော် ရှိတယ်လို့ ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။”ဟု ရဲမှူး အီဘရာဟမ်မိုဟာမတ်က ပြောပြီး စစ်သွေးကြွလေးဦးလည်း သေဆုံးကြောင်း ဖြည့်စွက်ဆိုသည်။

ထို တိုက်ခိုက်သူများတွင် အသေခံဗုံးခွဲသူနှင့် လက်နက်ကိုင်သေနတ်သမား သုံးဦး ပါဝင်ကြောင်း အခြားလုံခြံုရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂျီဟတ်ဝက်ဘ်ဆိုက်တစ်ခုတွင် အယ်လ်ခိုင်ဒါ ဆက်နွယ် ရှာဘတ်စစ်သွေးကြွအဖွဲ့က ယခုတိုက်ခိုက်မှုကို ၎င်းတို့ ကျုးလွန်ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

ရှာဘတ်အဖွဲ့မှာ နိုင်ငံတကာ ထောက်ခံသော အစိုးရကို ဖြုတ်ချနိုင်ရေးအတွက် ဆယ်စုနှစ်ချီ တိုက်ခိုက်လျက်ရှိသော အဖွဲ့လည်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြို့များနှင့် ပိုင်နက်များ လက်လွတ်ဆုံးရှုံးထားပြီ ဖြစ်လင့်ကစား ၎င်းအဖွဲ့က မြို့တော်နှင့် အခြားအရပ်ဒေသများတွင် အစိုးရ၊ လုံခြံုရေးအဖွဲ့နှင့် အရပ်သား ပစ်မှတ်များကို ဗုံးခွဲမှုများ၊ လက်နက်ကိုင်စီးနင်းတိုက်ခိုက်မှုများ ကျုးလွန်လေ့ရှိနေခြင်းလည်း ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly