( ၅၆ )နှစ်မြောက် ဆဲဗင်းဇူလိုင်အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

( ၅၆ )နှစ်မြောက် ဆဲဗင်းဇူလိုင်အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

မကွေး ၊ ဇူလိုင် ရ ။        ။ ( ၅၆ )နှစ်မြောက် ဆဲဗင်းဇူလိုင်အရေးတော်ပုံအောက်မေ့ဖွယ် အခမ်းအနားကိုဇူလိုင်လ ရ ရက်နေ့တွင် မကွေးမြို့၊ပညာပါရမီစာကြည့်တိုက်၊ မကွေးဒေသဖွံ့ဖြိုးတိုးတက်ရေး စင်တာ၊ကပ်ကျော်ကမ္ဘာအေးဝိပဿ နာဓမ္မာရိပ်သာကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါအောက်မေ့ဖွယ်အခမ်းအနားတွင် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် အခြေခံ ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့မှ ဦးဆောင်၍   ကျောင်းသားကျောင်းသူများနှင့် ပြည်သူ (၃၀ ) ဦးခန့်တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဆဲဗင်းဇူလိုင်နှင့်ပတ်သက်သည့် အောက်မေ့ဖွယ် သမိုင်းမှတ်တမ်းများကို ကျောင်းသား ဟောင်းကြီးများနှင့် မျိုးဆက်သစ် သမဂ္ဂကျောင်းသားများက အမှတ်တရအောက်မေ့ဖွယ် စကားပြောကြားခြင်း အောက်မေ့ဖွယ်ကဗျာရွက်ဆိုခြင်းနှင့် ကျောင်းသား ဟောင်းကြီးများက၎င်းတို့၏အတွေ့အကြံု သမိုင်းများကို မျိုးဆက်သစ်သမဂ္ဂကျောင်းသားပြန်လည်မျှဝေပေးခဲ့သည်။

"ဆဲဗင်းဇူလိုင်နေ့က မြန်မာ့ကျောင်းသားသမိုင်းမှာဖျောက်ဖျက်မရတဲ့နေ့တစ်နေ့ဖြစ်တယ်။ဒီလိုအမှတ်တရနေ့မှာ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ရတာက အမုန်းတရားတွေကို လက်ကိုင်ထားနေတာ မဟုတ်ပါဘူး။သမိုင်းကိုတကယ့်အရှိအတိုင်းထုတ်ဖော်ပြသင့်တယ်။ နောက်မျိုးဆက်တွေသိသင့်တယ်။သင်ခန်းစာယူသင့်တယ်။ကျောင်းသားသမဂ္ဂအဆောက်အဦးပြိုခဲ့ပေမဲ့ ကျောင်းသားသမဂ္ဂမျိုးဆက်တွေရှင်သန်နေသေးတယ်။ ဒီထက်မက ဖွံဖြိုးကောင်းမွန်အောင်လုပ်ရဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပတာဖြစ်ပါတယ်” ဟု မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဥက္ကဋ္ဌ ကိုချစ်ဝင်းမောင် ကပြောသည်။

ဆဲဗင်းဇူလိုင်အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားကို မကွေးမြို့ရှိ တက္ကသိုလ်ကျောင်းသား များက (၂၀၁၂)မှ စတင်ကာ အောက်မေ့ဖွယ် အခမ်းအနားများကိုကျင်းပခဲ့ကြောင်းသိရသည်။

"ဒီမိုကရေစီပညာရေးက ခုချိန်ထိမရသေးတဲ့အတွက် ကျောင်းသားသမဂ္ဂတွေက ရှေ့ဆက် ချီတက် နေရဦးမှာဖြစ်ပါတယ်"ဟု မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိိုချစ်ဝင်းမောင် ကေပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly