ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ EXO သီချင်းသံကြားရရင် ဘယ်လိုနေမလဲ

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ EXO သီချင်းသံကြားရရင် ဘယ်လိုနေမလဲ
ဓါတ်ပုံ; Unioncom/VCG via Getty Image

ဇူလိုင် ရ၊ ရုရှ။                       ။ တောင်ကိုရီးယားခေတ်ပေါ် K-Pop တေးဂီတဟာ ပရိသတ်အခိုင်အမာရရှိထားပြီး ကမ္ဘာကိုရိုက်ခတ်နေတဲ့ ဂီတလှိုင်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

အခုတော့ K-Pop ရေစီကြောင်းဟာ တကမ္ဘာလုံးက ပရိသတ် သန်းထောင်ပေါင်များစွာ စိတ်ဝင်စားတဲ့ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲကြီးဆီကိုလည်း ရိုက်ခတ်လာခဲ့ပါပြီ။

ရုရှနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲမှာ နာမည်ကျော် K-Pop အဖွဲ့တစ်ဖွဲ့ရဲ့ သီချင်းသံကို နားဆင်ကြရတော့မှာဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ တွစ်တာမှာ ပရိသတ်ဆီကနေ ဆန္ဒမဲတောင်းခံခဲ့တဲ့ ရလဒ်လည်း ဖြစ်ပါတယ်။ ဇူလိုင် ၁၅ မှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကျင်းပမယ့် လုဇ်နီကီကွင်းအတွင်း ဖွင့်ပြရမယ့် ဆန်ကာတင် သီချင်းလေးပုဒ်ကို ဖီဖာက ဇူလိုင် ၄ ရက်မှာ ဖော်ပြထားပြီး ပရိသတ်ကို အွန်လိုင်းမဲပေးစနစ်နဲ့ ရွေးချယ်စေခဲ့တာပါ။

အဲဒီသီချင်းလေးပုဒ်ကတော့ ကိုလံဘီယာအဆိုတော် J Balvin featuring Willy William ရဲ့ Mi Gente သီချင်း၊ ရုရှ-ဂျာမန် ဒီဂျေ Zedd featuring Maren Morris, Grey တို့ရဲ့ The Middle သီချင်း၊ K-Pop ယောင်္ကျားလေးအဆိုတော်အဖွဲ့တွေဖြစ်တဲ့ BTS ရဲ့ Fake Love သီချင်း၊ EXO အဖွဲ့ရဲ့ Power ဆိုတဲ့ သီချင်းတွေဖြစ်ပါတယ်။

ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ရာမှာတော့ K-Pop နှစ်ဖွဲ့စလုံး ၄၈ ရာခိုင်နှုန်းစီနဲ့ မဲအပြတ်အသတ်ရရှိခဲ့ပါတယ်။ ကျန်နှစ်ဖွဲ့ကတော့ ၂ ရာခိုင်နှုန်းစီပဲရခဲ့ပါတယ်။

အဲဒီနောက် ဖီဖာက ကွင်းထဲမှာ ဖွင့်ပေးမယ့် သီချင်းအဖြစ် EXO အဖွဲ့ရဲ့ Power ကို ရွေးချယ်ခဲ့ပါတယ်။

ဒီလိုရွေးချယ်ခံရအောင် ဝိုင်းဝန်းမဲပေးခဲ့တဲ့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း EXO က ဖော်ပြခဲ့သလို အိုလံပစ်ချန်နယ်တွစ်တာ ကလည်း EXO ဟာ ကွင်းအတွင်းမှာ ပရိသတ်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် ဖျော်ဖြေနိုင်စွမ်းရှိကြောင်း ထောက်ခံခဲ့ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ EXO သီချင်းဖွင့်ပေးမှာကို မြန်မာပရိသတ်တွေကရော ဘယ်လိုမြင်ပါသလဲ။

Ref; Metro
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly