လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ ထိုင်းလူငယ်တွေအတွက် အောက်ဆီဂျင်ထိန်းညှိထား

လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ ထိုင်းလူငယ်တွေအတွက် အောက်ဆီဂျင်ထိန်းညှိထား

 

ဇူလိုင် ရ ။            ။ ဇွန် ၂၃ ရက်ကတည်းက လှိုဏ်ဂူထဲမှာပိတ်မိနေတဲ့ လူငယ် ၁၂ ယောက်နဲ့ ဘောလုံးအသင်းနည်းပြအတွက် အောက်ဆီဂျင်ဖြည့်ပေးဖို့ သိပ်မလွယ်လှဘူးလို့ ထိုင်းအာဏာပိုင်တွေက စနေနေ့မှာပြောခဲ့ပါတယ်။

အောက်ဆီဂျင်အလုံအလောက်မရဘဲ ဂူထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေပိုများလာမှာကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက စိုးရိမ်နေကြပါတယ်။

အောက်ဆီဂျင်ဘူးတွေကို ဂူထဲရောက်အောင်သယ်သွားပြီးမှ ဖွင့်လိုက်တာပါ။ အခုလောလောဆယ်ကတော့ ဓာတ်ငွေ့နှစ်ခုကို ညီမျှအောင်ထိန်းထားမှ ကလေးတွေ အန္တရာယ်ကင်းလိမ့်မယ်လို့ Chiang Rai နယ်အစိုးရ Narongsak Osatanakorn က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အောက်ဆီဂျင်ဓာတ်ငွေ့တွေကို ထိန်းပေးမယ့် ဆရာဝန် ၄ယောက်ပဲ လူငယ်တွေနဲ့ကျန်ခဲ့မှာဖြစ်ပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

အာဏာပိုင်တွေအနေနဲ့ လူငယ်တွေကိုကယ်တင်ဖို့ အစီအစဉ်နှစ်ခုလျာထားပါတယ်။ ပထမတစ်ခုက ရေမြုပ်နေတဲ့ လှိုဏ်ဂူထဲ ဒိုင်ဗင်ထိုးချတာဖြစ်ပြီး နောက်တစ်ခုကတော့ Helicopter နဲ့ကယ်ထုတ်လို့ရနိုင်မယ့် တောင်ကုန်းရဲ့ဝင်ပေါက်ကို ရအောင်ရှာဖို့ပဲဖြစ်ပါတယ်။

ဂူထဲမှာပြည့်လျှံနေတဲ့ ရေတွေကို ဖယ်ထုတ်နေပေမယ့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေဆဲဖြစ်ပြီး လူငယ်လေးတွေကို ကယ်ဖို့မဖြစ်နိုင်သေးဘူးလို့ အာဏာပိုင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ကြာသာပတေးနေ့မှာပဲ အသက် ၃၈ နှစ်အရွယ် ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင်တစ်ဦးဟာ ကလေးတွေကို အောက်ဆီဂျင်သွားပေးပြီး ရေပြန်ကူးလာတဲ့အချိန်မှာ သေဆုံးသွားတာဖြစ်ပါတယ်။

ရေငုပ်သမားရဲ့သေဆုံးမှုဟာ ကယ်တင်ဖို့ခက်ခဲတာကိုသက်သေပြနေသလိုပါပဲလို့ အာဏာပိုင်တွေကပြောပါတယ်။

ဇွန်လ၊ ၂၃ ရက်ကတည်းက လှိုဏ်ဂူထဲဝင်လေ့လာတဲ့ လူငယ်အဖွဲ့ဟာ မိုးသည်းပြီး လှိုဏ်ဂူထဲမှာ ရေကြီးနေတဲ့အတွက် အခုချိန်ထိထွက်လို့မရသေးတာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly