တရုတ်ကုန်ထုတ် စွမ်းအားကျဆင်းက ဒေါ်လာကို အားပျော့သွားစေ

တရုတ်ကုန်ထုတ် စွမ်းအားကျဆင်းက ဒေါ်လာကို အားပျော့သွားစေ

နယူးယောက်၊ စက်တင်ဘာ - ၂ ။         ။ ဆိုးရွားညံ့ဖျင်းသည့် တရုတ်စက်ရုံကုန်ထုတ်စွမ်အားအချက်အလက်များက ကမ္ဘာနှင့်အဝန်း ဖွံ့ဖြိုးမှုအင်ဂျင်ကြီးတွင် စီးပွားရေးနှေးကွေး ကျဆင်းမှုအပေါ် စိုးရိမ်မှုများကို ထပ်တိုးနက်ရှိုင်းသွားစေခဲ့သောကြောင့် စက်တင်ဘာ၁ရက်နေ့က အမေရိကန်ဒေါ်လာမှာ ယူရို၊ ယန်းတို့နှင့် ယှဉ်လျှင် ကျဆင်းသွားခဲ့သည်။

တရားဝင်ကိန်းဂဏန်းအချက်အလက်များအရ တရုတ်နိုင်ငံ၏ အဓိက ကုန်ထုတ်ကဏ္ဍမှာ သြဂုတ်လတွင် တိုးတက်မှုမရှိဘဲ တန့်နေခဲ့ကြောင်း သတင်းများ ပေါ်ထွက်လာခဲ့ပြီးနောက် ကမ္ဘာနှင့်အဝန်း စတော့ဈေးကွက်များလည်း ကျဆင်းသွားခဲ့ရပြီး ရေနံဈေးနှုန်းမှာလည်း ထပ်မံထိုးဆင်းသွားခဲ့ပြန်သည်။ ဝယ်အားဖြုန်းအားညွှန်းကိန်းမှာလည်း သြဂုတ်လတွင် ၃နှစ်တာအတွင်း အနိမ့်ဆုံး ၄၉.၇အထိ ထိုးဆင်းသွားခဲ့ရာ ၅၀အောက်သို့ ကျဆင်းသွားခဲ့သောကြောင့် စီးပွားရေးကြုံ့ဝင်သွားသည်ဟု ဆိုနိုင်သည်။

‘တရုတ်ရဲ့ စိတ်ပျက်အားလျော့ဖွယ်အချက်အလက်တွေက ဈေးကွက်ကို စွန့်စားရမှုများပြားတဲ့ အက်ဆက်တွေဆီကနေ ပြန်ရငွေနိမ့်တဲ့ ယူရိုနဲ့ ယန်းဆီ အလေးသာသွားစေတာကြောင့် အမေရိကန်ဒေါ်လာ ဟာစက်တင်ဘာလမှာ အားပျော့ပျော့နဲ့ ပွဲဦးထွက်လာခဲ့ပါတယ်’’ဟု Western Union Business Solutions မှ အကြီးတန်းဈေးကွက်ကျွမ်းကျင်သူ ဂျိုး မနင်ဘိုက ပြောကြားခဲ့သည်။  

ဈေးကွက်မတည်မငြိမ် အတက်အကျမြန်နေချိန်တွင် ရင်းနှီးမြှုပ်နှံသူများက လုံခြုံသည့် ခိုင်လှုံရာကို ရှာဖွေလေ့ရှိကြသောကြောင့် ယူရိုနှင့် ယန်းမှာ အမြတ်ထွက်သွားခဲ့သည်။

စက်တင်ဘာ၁ရက်နေ့ နေ့လယ်ခင်းနှောင်းပိုင်းအရောင်းအဝယ်တွင် ယူရိုမှာ ကန်ဒေါ်လာ ၁.၁၃၁၃အထိ ဝ.၉ရာခိုင်နှုန်း တက်သွားခဲ့သည်။ အမေရိကန်ဒေါ်လာမှာလည်း ဂျပန်ငွေကြေးနှင့် နှိုင်းယှဉ်ပါက တစ်ဒေါ်လာလျှင် ၁၁၉.၅၁ယန်းအထိ ၁.၄ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

‘အခုအချိန်အထိ အန္တရာယ်များတဲ့ ခံစားချက်မောင်းနှင်တဲ့ဈေးကွက်ဖြစ်နေသေးတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ လတ်တလော တွေ့မြင်နေရသလိုပဲ ဈေးကွက်တင်းမာမှု အသစ်အသစ်တွေနဲ့ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ယူရိုက ကောင်းကောင်းအလုပ်ဖြစ်ပါတယ်’’ဟု BNP Paribas မှ ဗက်ဆီလီ ဆီရီဘရီရာကော့ဖ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly