ဥရုဂွေး vs ပြင်သစ် (ကွာတားဖိုင်နယ် ပွဲကြိုအချက်အလက်)

ဥရုဂွေး vs ပြင်သစ် (ကွာတားဖိုင်နယ် ပွဲကြိုအချက်အလက်)
(ဓာတ်ပုံ - AFP)

ပွဲစဉ် - ဥရုဂွေး vs ပြင်သစ် (ကွာတားဖိုင်နယ်)ပွဲချိန် - ဇူလိုင် ၆ ရက်၊ သောကြာနေ့၊ ည ၈း၃၀ နာရီ (မြန်မာစံတော်ချိန်)နေရာ - Nizhny Novgorod Stadium, Russiaပေါလ်မာဆွန် ခန့်မှန်းချက် ၁-၂ ဂိုး

ဥရုဂွေးနဲ့ ပြင်သစ်အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲကို ဒီနေ့ည မြန်မာစံတော်ချိန် ည (၈း၃၀) နာရီမှာ Nizhny Novgorod Stadium မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ နှစ်သင်းလုံးမှာ ကမ္ဘာ့အဆင့် ကစားသမားများ ပါဝင်နေပြီး ခံစစ်တောင့်တင်းတဲ့ ဥရုဂွေးနဲ့ တိုက်စစ်ထက်မြက်တဲ့ ပြင်သစ်တို့ ကစားကြမှာဖြစ်လို့ ခံစစ်၊ တိုက်စစ် အားပြိုင်မှုကို တွေ့မြင်ရဖွယ်ရှိပါတယ်။

ဥရုဂွေးနဲ့ ပြင်သစ်တို့ရဲ့ သတင်း

အသင်းရဲ့ တိုက်စစ်ကစားသမား ကာဗာနီဟာ ပေါ်တူဂီနဲ့ ပွဲက ဒဏ်ရာကြောင့် ဒီပွဲကို ပါဝင်ဖို့ မသေချာပါဘူး။

မစ်ဒယ်ဘရော့တိုက်စစ်မှူးဟောင်း ခရစ္စတိန်း စတူအာနီဟာ ဆွာရက်ဇ်နဲ့တွဲဖက်ပြီး ပွဲထွက်ကစားလာဖွယ်ရှိပါတယ်။

ပြင်သစ်အသင်းမှာ ကွင်းလယ်လူ မာတွီဒီ အဝါကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ခံထားရပြီး ပြင်သစ်နည်းပြအနေနဲ့ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ပြင်သစ်အသင်းရဲ့ အဖွင့်ပွဲစဉ် သြစတြေးလျနဲ့ပွဲမှာ ပါဝင်ကစားခဲ့တဲ့ တိုလီဆိုဟာ ပွဲထွက်ကစားလာဖို့ ရှိပါတယ်။

ပွဲကြိုအချက်အလက်

ထိပ်တိုက်တွေ့ဆုံမှု

  • ဥရုဂွေးနဲ့ ပြင်သစ်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ကြိမ် တွေ့ဆုံမှုဖြစ်နေပေမယ့် ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့် တွေ့ဆုံမှုဖြစ်ပါတယ်။
  • ကမ္ဘာ့ဖလား နောက်ဆုံး ၂ ကြိမ် အုပ်စုအဆင့် တွေ့ဆုံမှုဖြစ်တဲ့ ၂၀၀၂ နဲ့ ၂၀၁၀ ခုနှစ်တို့မှာ ၀-၀ ဂိုးစီ နှစ်ကြိမ် သရေကျခဲ့ပါတယ်။ ဥရုဂွေးအသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ မှတ်တမ်းရှိပါတယ်။
  • ဥရုဂွေးအသင်းဟာ ပြင်သစ်အသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၁၃ ဇွန်လက ၁-၀ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဒါက မွန်တီဗီဒိုယိုမှာ ချစ်ကြည်ရေးကစားတဲ့ပွဲဖြစ်ပြီး ဆွာရဇ်က ဥရုဂွေးအတွက် အနိုင်ဂိုးသွင်းခဲ့တာပါ။
  • ပြီးခဲ့တဲ့ ၈ ကြိမ်တွေ့ဆုံမှုမှာ ဥရုဂွေးအသင်းပေါ် ပြင်သစ်အသင်းရဲ့ တစ်ပွဲတည်းသော အနိုင်ပွဲက ၁၉၈၅ ခုနှစ်၊ သြဂုတ်လက ပဲရစ်မှာ ၂-၀ ဂိုးနဲ့ ခြေစမ်းပွဲဖြစ်တယ်။

ဥရုဂွေး

  • ဥရုဂွေးအသင်းဟာ ကမ္ဘာ့ဖလား နောက်ဆုံး ၄ ပွဲကို အနိုင်ရထားပြီး ၁၉၅၀ နဲ့ ၁၉၅၄ ခုနှစ်တို့မှာ ၅ ပွဲဆက် နိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ် အနိုင်ရခဲ့ပါက ပြီးခဲ့တဲ့ ၅ ပွဲဆက် နိုင်ပွဲရရှိမှုနဲ့ တူညီသွားမှာဖြစ်ပါတယ်။
  • သူတို့ဟာ ၅ ကြိမ်မြောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ ရည်မှန်းထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး ၃ ရပ်မှာ ဒုတိယအကြိမ်အတွက်လည်းဖြစ်ပါတယ်။
  • ဥရုဂွေးအသင်းဟာ သူတို့ရဲ့ နောက်ဆုံး ကွာတားဖိုင်နယ် (၁၉၇၀ နဲ့ ၂၀၁၀) နှစ်ပွဲကို နိုင်ထားပါတယ်။ ဒီအဆင့်မှာ နောက်ဆုံးရှုံးနိမ့်ခဲ့တာက ၁၉၆၆ ခုနှစ်က အနောက်ဂျာမနီကို ၄-၀ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲဖြစ်ပါတယ်။
  • ကာဗာနီရဲ့ နိုင်ငံတာကာ သွင်းဂိုး ၄၅ ဂိုးအတွက် ဆွာရက်ဇ်က ၁၂ ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။
  • ဂိုးသမား ဖာနန်ဒို မူစလီယာ ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ၄ ပွဲမှာ ၃ ပွဲအထိ ပေးဂိုး မရှိအောင် စွမ်းဆောင်ထားပြီး စုစုပေါင်း ၁၀ ကြိမ်အထိ ဂိုးပေါက် ကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်

  • ပြင်သစ်အသင်းဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။
  • ပြင်သစ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဂျာမနီအသင်းကို ရှုံးနိမ့်တာကလွဲလို့ ၄ ကြိမ်ဆက် ကွာတားအဆင့်ကနေ နောက်တစ်ဆင့်ကို တက်ခဲ့ပါတယ်။
  • ဒီအသင်းဟာ တောင်အမေရိကအသင်းတွေနဲ့ ကမ္ဘာ့ဖလား နောက်ဆုံး ၉ ကြိမ်တွေ့ဆုံမှုမှာ ၅ ပွဲနိုင်၊ ၄ ပွဲသရေ၊ ရှုံးပွဲမရှိတဲ့အပြင်် ဒီ ၉ ပွဲမှာ ရ ပွဲအထိ ပေးဂိုးမရှိခဲ့ပါဘူး။
  • အမ်ဘတ်ပီဟာ ဒီကမ္ဘာ့ဖလားပွဲမှာ ၃ ဂိုး သွင်းယူထားပြီး ၁၉၅၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးအတွက် ပီလီသွင်းယူတဲ့ ၆ ဂိုးနောက်ပိုင်း ဂိုးအများဆုံးသွင်းတဲ့ ပထမဆုံးလူငယ်ကစားသမားဖြစ်ပါတယ်။
  • ဂရစ်ဇ်မန်းဟာ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေရဲ့ ရှုံးထွက်အဆင့် နောက်ဆုံး ၅ ပွဲမှာ ၆ ဂိုးအထိ သွင်းယူခဲ့ပါတယ်။
  • ဒါပေမယ့် သူဟာ ရုရှားကမ္ဘာ့ဖလားမှာတော့ ၁၂ ကြိမ်ဂိုးပေါက်ကန်သွင်းမှုမှ ၂ ဂိုးသာ သွင်းယူခဲ့ပြီး ၂ ဂိုးလုံးက ပင်နယ်တီပြစ်ဒဏ်ဘောများဖြစ်ပါတယ်။
  • ပြင်သစ်အသင်းဟာ ဂရစ်ဇ်မန်း ဂိုးသွင်းယူတဲ့ပွဲတိုင်း ရှုံးပွဲမရှိခဲ့ပါဘူး။ (၁၇ ပွဲနိုင်၊ ၂ ပွဲသရေ)

ဖြစ်နိုင်ဖွယ်လူစာရင်း

ဥရုဂွေး

ဂိုး - မူစလီယာ
နောက်တန်း - ကာဆာရက်စ်၊ ဂျီမီနက်ဇ်၊ ဂိုဒင်၊ လက်ဆော့
အလယ်တန်း - နန်ဒက်ဇ်၊ တော်ရီရာ၊ ဗီစင်နို၊ ဘန်တန်ကာ
ရှေ့တန်း - ဆွာရက်ဇ်၊ စတူအာနီ

ပြင်သစ်

ဂိုး - လိုရစ်
နောက်တန်း - ပါဗက်၊ ဗာရာနီ၊ အမ်တီတီ၊ ဟာနန်ဒက်ဇ်
အလယ်တန်း - ပေါ့ဂ်ဘာ၊ ကန်တေ၊ တိုလစ်ဆို
ရှေ့တန်း - အမ်ဘတ်ပီ၊ ဂီရော့ဒ်၊ ဂရစ်ဇ်မန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags