ရင်ဆိုင်ဖူးသမျှထဲမှာ ကစားပုံအညစ်ပတ်ဆုံးအသင်းလို့ ကိုလံဘီယာကို ဂျွန်စတုန်းပြော

ရင်ဆိုင်ဖူးသမျှထဲမှာ ကစားပုံအညစ်ပတ်ဆုံးအသင်းလို့ ကိုလံဘီယာကို ဂျွန်စတုန်းပြော

ဇူလိုင် ၆၊ ရုရှ။    ။ ရင်ဆိုင်ခဲ့ဖူးသမျှအသင်းတွေထဲမှာ ကိုလံဘီယာအသင်းဟာ ကစားပုံအညစ်ပတ်ဆုံးအသင်းဖြစ်တယ်လို့ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းက ပြောဆိုလိုက်ပါတယ်။

အင်္ဂါနေ့က မော်စကိုမှာ ကစားခဲ့တဲ့ပွဲမှာ အင်္ဂလန်က ပင်နယ်တီအဆုံးအဖြတ်နဲ့ပထမဆုံးအကြိမ်အနိုင်ရပြီး ကမ္ဘာ့ဖလား ကွာတားအဆင့်ကိုမတက်သွားမီ ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျနေခဲ့ပြီး နှစ်ဖက်တင်းမာမှုတွေ ရှိခဲ့ကြပါတယ်။

စတုန်းက “ကျွန်တော်ကြံုဖူးသမျှထဲမှာ အညစ်ပတ်ဆုံးအသင်းဖြစ်နိုင်တယ်။ ကျွန်တော်တို့ ပင်နယ်တီရသွားချိန်မှာ ဖြစ်ပျက်နေတဲ့ သူတို့ပုံစံကို ကြည့်လေ။

ပြောနေကြပုံတွေကလည်း ဘောလုံးပွဲတစ်ပွဲမှာ ကြားတောင်မကြားဖူးဘူး။ ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ်နဲ့ တုန့်ုပြန်နိုင်ခဲ့တယ် ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ထောင်ပေါင်းများစွာသော ကိုလံဘီယာပြည်သူတွေကတော့ သူတို့ရဲ့လက်ရွေးစင်အသင်း ပြန်ရောက်လာချိန်မှာ သူရဲကောင်း တွေလို ကြိုဆိုခဲ့ကြပါတယ်။

လေဆိပ်လမ်းတစ်လျှောက်မှာ ကြိုဆိုခဲ့ကြရုံသာမကဘဲ ဘောလုံးကွင်းထဲမှာလည်း အားပေးထောက်ခံခဲ့ကြပါတယ်။ ကိုလံဘီယာ လက်ရွေးစင်အသင်းဟာ အယ်ကမ်ပင် ဘောလုံးကွင်းထဲမှာ ကွင်းလုံးပြည့်နီးပါးရှိတဲ့ ပရိသတ်နဲ့ တွေ့ဆုံခဲ့နှုတ်ဆက်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly