ဒေါက်တာ ဦးအေးမောင်၏ သား ရွေးကောက်ပွဲ ဝင်မည်

ဒေါက်တာ ဦးအေးမောင်၏ သား ရွေးကောက်ပွဲ ဝင်မည်

 

စစ်တွေ၊ ဇူလိုင်လ ၅ ရက်။                              ။ နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မ အပါအင် ပုဒ်မ (၃) ခုနှင့် ဖမ်းဆီးတရားစွဲဆို ခံနေရသည့် ဒေါက်တာ ဦးအေးမောင်၏ သားဖြစ်သူ ကိုတင်မောင်ဝင်းအနေဖြင့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည်ဟု စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင် ရုံးမှ သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် လစ်လပ်နေသော ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) အား ၎င်းအနေဖြင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင် (၄) ရက်နေ့တွင် အမည်စာရင်းပေးသွင်းခဲ့ခြင်းလည်း ဖြစ်သည်။

ကိုတင်မောင်ဝင်းမှာ လက်ရှိတွင် ပါတီတည်ထောင်ခွင့် လျှောက်ထားဆဲ ဖြစ်သော အဖရခိုင်ပါတီ၏ တည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။

ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) နေရာသည် ယခင်က ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်ဖြစ်ပြီး ၎င်း ကွယ်လွန်သွားသဖြင့် လစ်လပ်နေရာအဖြစ် ကျန်ရှိနေခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly