ညာနောက်ခံလူ အိုဒရီယိုဇိုလာကို (၆) နှစ် စာချုပ်ဖြင့် ရီးယဲလ်အသင်း ခေါ်ယူ

ညာနောက်ခံလူ အိုဒရီယိုဇိုလာကို (၆) နှစ် စာချုပ်ဖြင့် ရီးယဲလ်အသင်း ခေါ်ယူ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းဟာ ညာနောက်ခံလူ အိုဒရီယိုဇိုလာကို (၆)နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ ဆိုစီဒက်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

ရီးယဲလ်အသင်းနဲ့ ဆိုစီဒက်အသင်းတို့ဟာ အိုဒရီယိုဇိုလာရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရခဲ့ပါတယ်လို့ ရီးယဲလ်က အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ပြောဆိုထားပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ အိုဒရီယိုဇိုလာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆ အသင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ စပိန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အသင်းဟာ ရှုံးထွက်အဆင့်မှာ ရုရှားကို ပင်နယ်တီ ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ပါတယ်။

အိုဒရီယိုဇိုလာဟာ ၂၀၁၇-၁၈ ရာသီမှာ ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ လာလီဂါ ၃၅ ပွဲ ကစားခဲ့ပြီး ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အိုဒရီယိုဇိုလာဟာ ယူရိုပါလိဂ် ၆ ပွဲ ကစားခဲ့ပြီး ဒီပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို သြစတြီးယားကလပ် Salzburg ပွဲမှာ သွင်းယူခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly