ဟာဇက်ရဲ့အသင်းကို အနိုင်ကစားမယ်လို့ ပြောဆိုလိုက်တဲ့ ဝီလျံ

ဟာဇက်ရဲ့အသင်းကို အနိုင်ကစားမယ်လို့ ပြောဆိုလိုက်တဲ့ ဝီလျံ

ဇူလိုင် ၅၊ ခါဇန်။      ။ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ဘရာဇီးနဲ့ ဘယ်လ်ဂျီယံတို့တွေ့ကြတဲ့အခါ သူငယ်ချင်းဖြစ်သူ ဟာဇက်ရဲ့အသင်းကို အနိုင်ရဖို့ ကြိုးစားသွားမယ်လို့ ဘရာဇီးကြယ်ပွင့် ဝီလျံကပြောဆိုလိုက်ပါတယ်။

ဝီလျံနဲ့ ဟာဇက်တို့ဟာ ချယ်လ်ဆီးအသင်းမှာ ကစားဖော်တွေဖြစ်ကြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သက်ဆိုင်ရာ ကိုယ်စားပြု နိုင်ငံအသင်းတွေနဲ့အတူ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

ဘရာဇီးနဲ့ ဘယ်လ်ဂျီယံဟာ ဇူလိုင် ရ ရက်၊ သောကြာညမှာ ခါဇန်မှာ ကွာတားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမှာပါ။

ဝီလျံက “ဟာဇက်က ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်သူဖြစ်ပြီး ချယ်လ်ဆီးမှာ သူနဲ့နေ့တိုင်းတွဲပြီး အလုပ်လုပ်ရတာကို ကျွန်တော် သဘောကျပါတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ ကျွန်တော်တို့ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ကြရတော့မှာဖြစ်ပြီး ကျွန်တော်အနိုင်ရဖို့ မျှော်လင့်ပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးတစ်ယောက်ဆိုပေမယ့် ကျွန်တော်ကလည်း အနိုင်ရဖို့ တတ်နိုင်သလောက် ကစားရမှာပဲ။

ပွဲပြီးသွားရင်တော့ ကျွန်တော်တို့ သူငယ်ချင်းတွေဖြစ်နေဦးမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဝီလျံအနေနဲ့ ချယ်လ်ဆီးအသင်းဖော်ဖြစ်သူ ဘယ်လ်ဂျီယံဂိုးသမား ကော်တွာနဲ့လည်း ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ဇူလိုင် ရ ရက် ည ၈း၃၀ နာရီမှာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဥရုဂွေးနဲ့ ပြင်သစ်၊ ည ၁၂း၃၀ နာရီမှာ ဘရာဇီးနဲ့ ဘယ်လ်ဂျီယံတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags