ရော်နယ်လ်ဒိုအတွက် ယူရိုသန်း ၁၀၀ နဲ့ ဂျူဗီတပ်စ်ရဲ့ ကမ်လှမ်းမှုကို လက်ခံစဉ်းစားနေတဲ့ ရီးယဲလ်

ရော်နယ်လ်ဒိုအတွက် ယူရိုသန်း ၁၀၀ နဲ့ ဂျူဗီတပ်စ်ရဲ့ ကမ်လှမ်းမှုကို လက်ခံစဉ်းစားနေတဲ့ ရီးယဲလ်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် ဂျူဗင်တပ်စ်အသင်းမှ ယူရိုသန်း ၁၀၀ (ပေါင် ၈၈ သန်း)နဲ့ ကမ်းလှမ်းမှုတစ်ရပ်ကို လက်ခံစဉ်းစားနေတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်ရှိ ပေါ်တူဂီ တိုက်စစ်မှူးဟာ  ဂိုးပေါင်း ၄၅၁ နဲ့ ရီးယဲလ်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားရဲ့ အသက်အရွယ်အရနဲ့ရော ပြီးခဲ့တဲ့ရာသီက လာလီဂါချန်ပီယံ ဘာစီလိုနာရဲ့အောက် ၁၇ မှတ်အကွာမှာ ရပ်တည်ခဲ့တာက အသင်းလူစာရင်းကို ပြောင်းလဲဖို့ ရီးယဲလ်အသင်း လိုအပ်နေတာကြောင့် ဂျူဗီတပ်စ်အသင်းထံ ပြောင်းရွှေ့နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ မေလက ရီးယဲလ်အသင်းနဲ့ သူ့ရဲ့ ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

ကိယက်ဗ်မြို့မှာ လီဗာပူးလ်အသင်းကို အနိုင်ယူခဲ့ပြီးနောက် ရီးယဲလ်နည်းပြ ဇီဒန်းဟာ ကလပ်အသင်းကနေ ထွက်ခွာသွားခဲ့ပြီး သူ့ရဲ့နေရာမှာ စပိန်အသင်းနည်းပြဟောင်း လိုပီတီဂွီနဲ့ အစားထိုးခဲ့ပါတယ်။

Ballon d'Or ဆု ၅ ကြိမ်ရ ကစားသမားရဲ့ အနာဂတ်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကလည်း အသင်းက ထွက်ခွာသွားမယ့် သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး ရီးယဲလ်ဥက္ကဌ ပီရက်ဇ်နဲ့ ဆက်ဆံရေးမှာလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ဂျူဗီတပ်စ်အသင်းဟာ ၂၀၁၆ ခုနှစ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်း ၉၀ (ပေါင် ရ၉ သန်း)နဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်းကို ခေါ်ယူခဲ့ပါတယ်။ ဒါက ၂၀၀၉ ခုနှစ်တုန်းက ရီးယဲလ်အသင်းက ရော်နယ်လ်ဒိုအတွက် မန်ယူအသင်းကို ယူရိုသန်း ၈၀ ပေးရတာထက်လည်း ပိုများခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly