မှေးမှိန်လာသော မြန်မာခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

မှေးမှိန်လာသော မြန်မာခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

ဇူလိုင် ၄။   ။ မြန်မာနိုင်ငံသည် လှပသော တောတောင်ရေမြေသဘာဝများရှိသော်လည်း ခရီးသွားကဏ္ဍသည် အနည်းငယ် မှေးမှိန်နေပြီး ပြန်လည်မြှင့်တင်ရန်အတွက် နိုင်ငံတကာ ခရီးသွားအေဂျင်စီများနှင့် ပြည်တွင်းခရီး သွား အေဂျင်စီများ ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်က ပြောသည်။

ဇူလိုင်လ ၄ ရက် ချက်ထရီယံဟိုတယ်တွင် ကျင်းပသည့် Myanmar International Tourism Expo 2018 သတင်း စာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

"အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့မှာ ခရီးသွားဏ္ဍနည်းနည်းလေးမှေးမှိန်သွားတယ်။ ဒါတွေကို ကျွန်တော်တို့ ပြန်မြှင့်တင်ရမယ်။ ဒီပွဲလေးကလည်း B to B ပွဲလေးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာရှိတဲ့ ခရီးသွားအေ ဂျင်စီတွေ ဒီမှာရှိတဲ့ ခရီးသွားအေဂျင်စီတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့လုပ် တဲ့ ပွဲလေးလို့ နားလည်ပါတယ်" ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံမှ IVCeX ကုမ္ပဏီလိမိတက်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA) နှင့် ကုန်သည်စက် မှုအသင်းချုပ်(UMFCCI) တို့ ပူးပေါင်းပြီး Myanmar International Tourism Expo 2018 ခေါင်းစဉ်ဖြင့် နိုင်ငံ တကာ ခရီးသွားသွားပြပွဲကို ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာခရီးသွားခြင်းနှင့် ခရီးသွားလုပ်ငန်းအသိအမြင်၊ အတွေ့အကြံုများနှင့် ၀န်ဆောင်မှုများအပြင် ပြည် တွင်းခရီးသွားလုပ်ငန်းကို မြင့်တင်နိုင်ရန် အခွင့်အလမ်းကောင်းများဖန်တီးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

"ဒီပွဲကတော့ အများကြီး ကျွန်တော်တို့ Tourism ရဲ့ပုံရိပ်ကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ ကျွန် တော်တို့ခရီးသွားလုပ်ငန်းကတော့ အလုံးသိတဲ့အတိုင်း အီနေတယ်။ ပြီးခဲ့တဲ့ ၂ နှစ်နီးပါးလောက်တည်းကစပြီး တော့ တဖြည်းဖြည်းအရှိန်နည်းလာတဲ့ သဘောရှိတယ်" ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ဥက္ကဌ ဦးသက်လွင်တိုးကပြောသည်။

ယခုပြပွဲတွင် အိန္ဒိယ၊ ကိုရီးယား၊ ထိုင်ဝမ်၊နှင့် ထိုင်းနိုင်ငံတို့ ပူပေါင်းပါ၀င်ပြီး နိုင်ငံ ၈နိုင်ငံမှ ခရီးသွားလုပ်ငန်း ကုမ္ပဏီ ၅၀ကျော် ပါ၀င်ပြသသွားမည်ဖြစ်သည်။ ပြည်တွင်းခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၏ အဖွဲ့ဝင် ကုမ္ပဏီ များမှ လေယာဉ်လက်မှတ်များ၊ ဟိုတယ်များ၊ နိုင်ငံတကာဆေးကုသမှုခရီးစဉ်များနှင့် ပြည်ပနိုင်ငံများတွင် Pre-Wedding ၀န်ဆောင်မှုများ စသည်တို့ကို ပါ၀င်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags