ပင်နယ်တီကျိန်စာဆိုးကို ချိုးဖျက်နိုင်ခဲ့တဲ့ အင်္ဂလန်

ပင်နယ်တီကျိန်စာဆိုးကို ချိုးဖျက်နိုင်ခဲ့တဲ့ အင်္ဂလန်

ဇူလိုင် ၄၊ မော်စကို။        ။ ကိုလံဘီယာအသင်းကို အနိုင်ရလိုက်တာဟာ အင်္ဂလန်အသင်းအတွက်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရတာဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ခံယူရရင် ကံဆိုးလေ့ရှိတဲ့ အင်္ဂလန်အသင်းဟာ အဓိကပြိုင်ပွဲကြီးတွေမှာ ဒီတစ်ကြိမ်နဲ့ပေါင်းမှ နှစ်ကြိမ်ပဲ အနိုင်ရဖူးပါသေးတယ်။ စုစုပေါင်း ၈ ကြိမ်မှာ ၆ ကြိမ်ထိ ရှုံးခဲ့ပြီး နှစ်ကြိမ်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအကြိမ်က ၁၉၉၆ ဥရောပဖလားပြိုင်ပွဲမှာ စပိန်အသင်းကိုအနိုင်ရခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ ကိုလံဘီယာကို ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ရှုံးထွက်အဆင့်မှာ အနိုင်ရခဲ့တာပါ။

အင်္ဂလန်နဲ့ ကိုလံဘီယာအသင်းတို့ ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ အင်္ဂလန်က လေးဂိုး သုံးဂိုးနဲ့အနိုင်ရပြီး ၂၀၀၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အင်္ဂါနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ တခြားရှုံးထွက်ပွဲစဉ်မှာတော့ ဆွီဒင်အသင်းက ဆွစ်ဇာလန်ကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ကွာတားအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်နဲ့ ဆွီဒင်အသင်းတို့ဟာ ကမ္ဘာ့ဖလားကွာတာအဆင့်မှာ တွေ့ဆုံနေပြီး ဇူလိုင် ရ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အဓိကပြိုင်ပွဲများတွင် အင်္ဂလန်၏ ပင်နယ်တီမှတ်တမ်း

ပြိုင်ဘက်                  ပြိုင်ပွဲ             ခုနှစ်    ရလဒ်

အနောက်ဂျာမနီ           ကမ္ဘာ့ဖလား      ၁၉၉၀  ရှုံး

စပိန်                           ယူရို            ၁၉၉၆  နိုင်

ဂျာမနီ                        ယူရို              ၁၉၉၆  ရှုံး

အာဂျင်တီးနား            ကမ္ဘာ့ဖလား      ၁၉၉၈  ရှုံး

ပေါ်တူဂီ                      ယူရို              ၂၀၀၄  ရှုံး

ပေါ်တူဂီ                       ကမ္ဘာ့ဖလား      ၂၀၀၆  ရှုံး

အီတလီ                         ယူရို              ၂၀၁၂  ရှုံး

ကိုလံဘီယာ               ကမ္ဘာ့ဖလား      ၂၀၁၈  နိုင်

Ref; BBC

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly