သက်ငယ်မုဒိမ်းမှုကို ပညာပေးထားသော ဟစ်တိုင် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပြုလုပ်

သက်ငယ်မုဒိမ်းမှုကို ပညာပေးထားသော ဟစ်တိုင် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပြုလုပ်

ရန်ကုန် ဇူလိုင် ၄ ။           ။ သက်ငယ်မုဒိမ်းမှုအကြောင်းကို ဇာတ်အိမ်တည်ပြီး ပညာပေးရုပ်ရှင်အဖြစ်ရိုက်ကူးမယ့် ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးခြင်းကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားမှာ ဇူလိုင်လ ၄ ရက်နေ့ မနက် ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာ စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုဖြစ်ပြီး ဒါရိုက်တာဟိန်းစိုးက ပုံဖော်ရိုက်ကူးမှာ ဖြစ်ပါတယ်။

" Facebook ပေါ်မှာလည်း နေ့တိုင်းတက်နေတော့ ဒါတွေ ကြည့်ရတာ ဗုဒ္ဓဘာသာယဉ်ကျေးမှု အရ တော်တော်လေးအမြင်ဆိုးတယ်၊ အကြည့်ရ ဆိုးတယ်၊ နားကြားရတာလည်း ခါးလာတဲ့အခါကျ တော့ ဒီဝတ္ထုလေးထွက်လာတော့ ဒါလေးကို ပညာ ပေးအနေနဲ့ရိုက်ပြချင်လို့ ဒီဝတ္ထ္ထုလေးကို ရွေးလိုက်တာ" လို့ ဒါရိုက်တာဟိန်းစိုးက မဇ္ဈိမကို ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီအိန္ဒြာကျော်ဇင်က အဓမ္မပြုကျင့်ခံရတဲ့ သမီးတစ်ယောက်ရဲ့ မိ ခင်အဖြစ်ပါဝင် သရုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

"ဒီဇာတ်ကားထဲမှာ ဒေါင်းနီရဲ့ဇာတ်ရုပ်ပေါ့နော်။ဒေါင်းနီက သူက အမှန်တရားဘက်က ရပ်တည် တဲ့မိန်းမတစ်ယောက်။ မဟုတ်မခံပေါ့။ သူ့ရဲ့ ဘဝ မှာ သူ့သမီးလေးတစ်ယောက်ပဲ၊သူ့သမီးအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်တယ်။ အဓိက ကတော့ သက်ငယ်မုဒိမ်းနဲ့ ပညာပေးထားတာပေါ့" လို့ အကယ်ဒမီအိန္ဒြာကျော်ဇင်က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်အသစ်တွေဟာ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် သရုပ် ဆောင်သစ်တွေ ရွေးချယ်ရာမှာ လူ ၁၃၀ လောက် လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်သူ ၃ ဦးကို သာ စကာတင်ရွေးချယ်ခဲ့တယ်လို့လည်း သိရပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ မေသန်းနု၊ အိန္ဒြာကျော်ဇင်၊ ထူးပြည့်အောင်၊ စိုင်းဝဏ္ဏအောင်၊ ဖြိုးပပထူး၊ James ၊စဝ်ယွန်းဝတီဦး၊ သန်းသန်းစိုး၊ စိုးမိုးကြည်။ လှမျိုးသဥ္ဇာနွယ်၊ ဇင်မျိုး၊ကလေးသရုပ်ဆောင် ပြည့်ပြည့်နဲ့ အခြား သရုပ်ဆောင်ပေါင်းများစွာ ပါဝင်တယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့မှာ ဇူလိုင်လ ၈ ရက်နေ့က စတင်ပြီး ရိုက်ကူး သွားမယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly