တောင်သူများ စိုက်ပျိုးရေ ခက်ခဲပါက ဆည်မြောင်းသို့ ဖုန်းဆက်နိုင်ဟု ဆို

တောင်သူများ စိုက်ပျိုးရေ ခက်ခဲပါက ဆည်မြောင်းသို့ ဖုန်းဆက်နိုင်ဟု ဆို

 

မန္တလေး၊ ဇူလိုင် ၄ ။        ။ စိုက်ပျိးရေ ရရှိရန် ခက်ခဲနေသည့် တောင်သူများအနေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချ စီမံခန့်ခွဲရေး ဦးစီးဌာနသို့ ဖုန်းဆက်အကြောင်းကြားနိုင်သည်ဟု ဆည်မြောင်းနှင့်ရေအသုံးချ စီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦးကပြောသည်။

"စပါးပျိုး​ထောင်​​ရေ စပေး​ချိန်မှာ ​တောင်​သူတွေ​နေနဲ့  ရေအခက်​အခဲရှိရင် တူး​မြောင်​းထိပ်တွေမှာ  ဌာန တာဝန်​ခံအမည်​နဲ့ဖုန်​းနံပါတ်​တွေရှိတယ်။​ရေရရှိ​ရေးအတွက်​ လိုတဲ့အကူအညီ ​တောင်းနိုင်​​ပါတယ်။"ဟု ဦးသန်းဦးကပြောသည်။

၂၀၁၈-၂၀၁၉ ခုနှစ်​ မိုးစပါးအတွက်​ ပျိုး​ထောင်​​ရေကိုလည်​း မန္တလေးခရိုင်​၊ ပြင်​ဦးလွင်ခရိုင်​နှင်​့ ​ကျောက်​ဆည်​ခရိုင်​အတွင်​းရှိ ဆည်​၊ကန်၊တမံများမှ စတင်​​ပေး​ဝေ​နေလျှက်ရှိပြီး၊မြင်​းခြံခရိုင်​၊မိတ္ထီလာခရိုင်၊ ရမည်​းသင်​းခရိုင်နှင့်​့ညောင်​ဦးခရိုင််​များတွင်မိုးစပါးပျိုး​ထောင်​​ ရန်အတွက်လည်း လာမည့် ၁၅ ​ရက်​​နေ့တွင်​ စတင်​​ပေး​ဝေသွားမည်​ဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးရန် စိုက်ဧက ၃၃၀၀၀၀ ကျော်အား ရေလှောင်တမံ၊ရေလွှဲဆည်များမှ စိုက်ပျိုးရေ လုံလောက်အောင် ပေးဝေသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆည်မြောင်းနှင့်ရေအသုံးချ စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မိုးစပါးအပြင် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက်လည်း ရေရရှိအောင် ပေဝေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly