ဆိုခရေးတီးစ်ကို အသင်းသို့ပြောင်းလာရန် အာဆင်နယ်ကစားသမားနှစ်ဦး အကြိမ်ကြိမ်ဖုန်းဆက်စည်းရုံးခဲ့

ဆိုခရေးတီးစ်ကို အသင်းသို့ပြောင်းလာရန် အာဆင်နယ်ကစားသမားနှစ်ဦး အကြိမ်ကြိမ်ဖုန်းဆက်စည်းရုံးခဲ့

 

ဇူလိုင် ရ၊ လန်ဒန်။             ။ ဒေါ့မွန်အသင်းမှ ဆိုခရေးတီးစ် ပါပါစတာသိုပူးလော့စ် အာဆင်နယ်အသင်းသို့ ပြောင်းလာအောင် အာဆင်နယ် ကြယ်ပွင့် ကစားသမားနှစ်ဦးက ဖုန်းအကြိမ်ကြိမ်ဆက်ပြီး စည်းရုံးခဲ့သည်ဟု မယ်ရာသတင်းတွင် ဖော်ပြထားသည်။

အသက် ၃၀ အရွယ် ဂရိနောက်ခံလူသည် အာဆင်နယ်အသင်းနှင့် ကာလရှည်စာချုပ်အတွက် ပေါင် ၁၆ သန်းဝန်းကျင်ဖြင့် ပြောင်းလာခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းကလည်း နွေရာသီ တတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ဒေါ့မွန်အသင်းထံမှ ဆိုခရေးတီးစ် ပါပါစတာသိုပူးလော့စ်ကို ခေါ်ယူနိုင်ခဲ့ပြီဟု တနင်္လာနေ့တွင် ကြေညာခဲ့သည်။

ဂရိနောက်ခံလူမှာ လစ်ချ်စတိန်နာနှင့် လီနိုတို့ပြီးနောက် အာဆင်နယ်သို့ရောက်ရှိလာသူဖြစ်သည်။ ဆိုခရေးတီးစ်မှာ ဒေါ့မွန် အသင်းဖော်ဟောင်းများဖြစ်သည့် အူဘာမီယန်းနှင့် မစ်ခီတာယန်တို့၏ အကူအညီဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းကစားသမားသုံးဦးသည် ဒေါ့မွန်သို့ တပြိုင်တည်းရောက်ရှိခဲ့ကြပြီး ၂၀၁၆ တွင် မစ်ခီတာယန်ထွက်ခွာမသွားခင်အထိ သုံးရာသီကြာအတူကစားခဲ့ကြသည်။

“ကျွန်တော်သူတို့နဲ့ ခဏခဏ စကားပြောဖြစ်တယ်။ သူတို့က ဒီအသင်းရဲ့ အကောင်းဆုံးအကြောင်းတွေကို ပြောပြခဲ့ကြပြီး မိသားစုကြီးတစ်ခုလိုပဲ ဆိုတာမျိုးပေါ့။

ပြီးတော့ သူတို့ ကျွန်တော့်ကို ဖုန်းဆက်တယ်။ နေ့တိုင်းမဟုတ်တောင်မှ ခဏခဏဆက်ပြီး ပြောင်းလာဖို့ ပြောတယ်လေ”ဟု ဆိုခရေးတီးစ်က အာဆင်နယ်အသင်းနှင့် အင်တာဗျူးတွင် ပြောသည်။      

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly