မွန်းကြပ်မှုမြောက်မြားစွာနဲ့ “ ရာဇဝင် ရိုင်းခဲ့သည်”ကို ရိုက်ကူးခဲ့တဲ့ ဇေရဲထက်

မွန်းကြပ်မှုမြောက်မြားစွာနဲ့ “ ရာဇဝင် ရိုင်းခဲ့သည်”ကို ရိုက်ကူးခဲ့တဲ့ ဇေရဲထက်

ရန်ကုန် ၊ ဇူလိုင် ၃ ။             ။ ဒါရိုက်တာ အဖြစ် ရွှေရေးထင်ထင် ပထမဆုံးရိုက်ကူးကာ ဇေရဲထက် ခေါင်းဆောင်ပါ၀င်သော “ ရာဇဝင် ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၆ ရက်မှစတင်ပြီး ရုံတင်ပြသတော့မည်ဟု သိရသည်။

ရာဇဝင် ဆိုတဲ့ လူငယ်တယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး  အမျိုးသမီးများ၊ အမျိုးသားနှင့် ပါ တွဲသော  " ကာရိုက်တာ " နှင့် သရုပ်ဆောင်ရသည်ကို ကျေနပ်မှုရှိကြောင်း သရုပ်ဆောင် ဇေရဲထက်က ပြောသည်။

ဇူလိုင် ၁ ရက်နေ့က " ရာဇဝင်ရိုင်းခဲ့သည် " ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ JCGV Junction တွင် ပြုလုပ်ခဲ့သော ပွဲတွင် ပြောခဲ့ခြင်းဖြစ်သည် ။

ပရိသတ်တွေ ဝေဖန်ပေးမှုကိုလည်း ကျေနပ်ပါတယ် ဆိုတဲ့ သရုပ်ဆောင်ဇေရဲထက်က " ဒီကားမှာ ကိုယ်ရဲ့ မိဘတွေကြောင့် သားသမီးတွေ စိတ်ခံစားမှုတွေရခဲ့ရတယ် ။ နောက်ဆုံး ရာဇဝင် ရဲ့ ဘဝ ဘာကြောင့် ရိုင်းခဲ့ရတယ်ဆိုတဲ့ ပညာပေးလေးတွေ ပြချင်တယ် ။ ရာဇဝင်နေရာမှာ ငါသာဆို ဘယ်လိုပြုမှုနေထိုင် ပြီး ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းတွေကို ကြိုက်တဲ့အတွက် ကျွန်တော် ရိုက်ခြင်းဖြစ်ပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး ပညာပေးတွေ အများကြီးပါပါတယ်” ဟု ဇေရဲထက်က ပြောသည်။

ဇာတ်လမ်းဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် စာရေးဆရာမ ရွှေရေးထင်ထင်က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး “ အကောင်းဆုံးမဟုတ်ရင်တောင် မညံအောင်ကြိုးစားရိုက်ကူးထားပါတယ်” ဟု ပထမဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ရွှေရေးထင်ထင်က ပြောသည်။

“ ဒီကားရဲ့ ဇာတ်ကောင် ရာဇဝင် ဟာ ဘယ်လိုမွန်းကျပ်မှုတွေ စိတ်ခံစားချက်တွေ လက်စားချေချင်တဲ့စိတ်တွေ နဲ့ ကျွန်တော် မွန်းကျပ်မှုမြောက်များစွာနဲ့ ရိုက်ကူးခဲ့တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်” ဟု သရုပ်ဆောင် ဇေရဲထက်က ပြောသည်။

အဓိက သရုပ်ဆောင်တွေအဖြစ် ဇေရဲထက် ၊ရဲအောင် ၊အောင်လေး ၊ဇင်ဇင်ဇော်မြင့် ၊ခင်ဇာခြည်ကျော် ၊Aခွွန်းပန် တို့ ပါ၀င်သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင်တွေအဖြစ် မေမီကိုကို ၊ နဒီမြတ်နိုးထိုက် ၊ Gucci အောင် တို့နှင့် ဇာတ်ပို့ဇာတ်ရံ များစွာပါ၀င်အားဖြည့်ရိုက်ကူးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly