ဂျပန်စကိတ်စီးသမား ယုဇုရု ဟန်ယု People's Honor Award ဆု ရရှိ

ဂျပန်စကိတ်စီးသမား ယုဇုရု ဟန်ယု People's Honor Award ဆု ရရှိ

တိုကျို၊ ဇူလိုင် ၂ ။         ။ နှစ်ထပ်ကွမ်း အိုလံပစ် စကိတ်စီး ရွှေတံဆိပ်ဆုရှင် ယုဇုရု ဟန်ယုဟာ ဂျပန်နိုင်ငံရဲ့ People's Honor Award ဆုကို ဇွန်လ ၂ ရက်မှာ ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ယင်းအတွက်ကြောင့် ဟန်ယုဟာဆိုရင် နိုင်ငံမှာ People's Honor Award ဆုချီးမြှင့်ခြင်းခံရတဲ့ အသက်အငယ်ဆုံးနဲ့ ပထမဆုံး စကိတ်စီးကျွမ်းကျင် ပညာရှင်လည်း ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် စကိတ်စီးသမား ဟန်ရု ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုယ်တိုင် အဆိုပါ ဂုဏ်ပြု ဆုတံဆိပ်ကို ချီးမြှင့် အပ်နှင်းခဲ့ပြီး ဟန်ယုရဲ့စွမ်းရည်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟန်ယုရဲ့ကြိုးစားအားထုတ်မှု၊ အိုလံပစ်ပြိုင်ပွဲမှာ နှစ်ကြိမ်တိုင်တိုင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ ဂျပန်တစ်မျိုးသားလုံးကို အားတက်စေခဲ့ကြောင်း ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ရိုရှီဟီဒီဇူကာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဆုချီးမြှင့်ပွဲကို ဂျပန်ရိုးရာကီမိုနို၀တ်ဆင်ပြီး တက်ရောက်လာတဲ့ ဟန်ယုဟာ ယခုအချိန်မှာ  နောက်ပြိုင်ပွဲတွေအတွက် လေ့ကျင့်နေတယ်လို့သိရှိရပါတယ်။

၎င်းဟာဆိုရင် နှစ် ၆၀ အတွင်းမှာ အိုလံပစ်ရွှေတံဆိပ်ဆုကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိတဲ့ ပထမဆုံးသော စကိတ်စီးသမားလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာကျင်းပခဲ့တဲ့ တောင်ကိုရီးယားရဲ့ ပြုံချမ်း ဆောင်းရာသီ အားကစား ပြိုင်ပွဲနဲ့  ၂၀၁၄ ခုနှစ်၊ ရုရှားမှာကျင်းပတဲ့ ဆိုချီအားကစားပြိုင်ပွဲတို့မှာ ရွှေတံဆိပ်ဆုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဟန်ယုရဲ့ မွေးရပ်မြေကတော့ ၂၀၁၁ ခုနှစ်မှာ ငလျင်ဒဏ်ခံခဲ့ရပြီး လူပေါင်း ၁၈,၀၀၀ ကျော်သေကြေ ပျောက်ဆုံးသွားတဲ့ ဆန်တိုင်းမြို့ဖြစ်ပါတယ်။

People's Honor Award ဆုကိုတော့ ၁၉၇၇ ခုနှစ်ကစပြီး အားကစား၊ အနုပညာနဲ့ ယဉ်ကျေးမှုကဏ္ဍမှာ ထူးချွန်တဲ့ ဂျပန်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသား တွေကို ချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly