စူးရှထက်၏ ရုပ်သံအင်တာဗျူးအား အဆိုတော်အစ္စဏီ၏ရှေ့နေက သက်သေအဖြစ်တင်သွင်း

စူးရှထက်၏ ရုပ်သံအင်တာဗျူးအား အဆိုတော်အစ္စဏီ၏ရှေ့နေက သက်သေအဖြစ်တင်သွင်း
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ဇူလိုင် ၂ ။             ။ အလိုမတူ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသော အဆိုတော်အစ္စဏီ (ခ) ဟန်ထွန်းဇော် အား ဇူလိုင်လ ၂ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်၊ တာမွေမြို့နယ်တရားရုံးတွင် ၈ ကြိမ်မြောက်ရုံးထုတ် ခဲ့သည်။

ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သူ မော်ဒယ်စူးရှထက်(ခေါ်)မဇာခြည်ဌေး စတုတ္ထအကြိမ်မြောက် လာရောက်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ မြန်မာဆယ်လီ7 သတင်းဌာနတွင် ဧပြီလ ၁၃ ရက်နေ့က ဖော်ပြခဲ့သော စူးရှထက်၏ ရုပ်သံအင်တာဗျူးအား အစ္စဏီ၏ ရှေ့နေက သက်သေအဖြစ်တင်သွင်းခဲ့ပြီး တရားရုံးက လက်ခံသင့်၊ မခံသင့် အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအင်တာဗျူးတွင် မျက်နှာဒဏ်ရာများနှင့် ပြုကျင့်ခံရပုံများအား အင်တာဗျူးဖြေဆိုခဲ့ခြင်း ဖြစ်သည်။  ပြီးခဲ့သည်​့ ဧပြီ ၁၂ ရက်​က မော်​ဒယ်စူးရှထက်အား ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်​။

ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေး (၂၇)နှစ်က တိုင်ကြားခဲ့ပြီး နောက် အစ္စဏီ (ခ) ဟန်ထွန်းဇော်အား တာမွေမြို့မရဲစခန်းတွင် (ပ)၃၆၂ /၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃၇၆ /၃၂၅/၃၂၄ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ် သည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ ရ ကြိမ်မြောက်ရုံးချိန်းတွင် မှုခင်းဆရာဝန်ကြီးအား စစ်ဆေးခဲ့ပြီး ဆေး စစ်ချက်အရ သုတ်ပိုးမတွေ့ရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ထို့ပြင် အဓမ္မပြုကျင့်မှုဖြင့် အစွပ်စွဲခံရသည့် ယင်းအမှုတွင် ပြုကျင့်သူရော၊ အပြုကျင့်ခံရသူမှာပါ သုတ် ပိုး မတွေ့ရှိခဲ့ရကြောင်း၊ စွပ်စွဲခံရသူ၏ ရှေ့နေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးကလည်း မီဒီယာများကို ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly