ဆာရီကို နည်းပြသစ်အဖြစ် ရက်ပိုင်းအတွင်း ချယ်လ်ဆီးခန့်အပ်ဖွယ်ရှိနေ

ဆာရီကို နည်းပြသစ်အဖြစ် ရက်ပိုင်းအတွင်း ချယ်လ်ဆီးခန့်အပ်ဖွယ်ရှိနေ
 

ချယ်လ်ဆီးအသင်းအနေဖြင့် မော်ရီဇီယို ဆာရီကို ရက်ပိုင်းအတွင်း နည်းပြသစ်အဖြစ်ခန့်အပ်မည်ဖြစ်ပြီး တနင်္လာနေ့ပင် ဖြစ်နိုင်သည်ဟု The Sun သတင်းစာက ဖော်ပြထားသည်။

စတမ်းဖို့ဒ်ဘရစ်ချ်အကြီးအကဲများသည် အီတလီလူမျိုးနည်းပြ အန်တိုနီယို ကွန်တီ၏ နေရာကိုဆက်ခံရန်အတွက် နာပိုလီ နည်းပြဟောင်း ဆာရီနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

နာပိုလီအသင်းသည် ချယ်လ်ဆီးနည်းပြဟောင်း ကာလို အန်ဆလော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးလည်း ဖြစ်သည်။ သို့သော် နာပိုလီအနေဖြင့် ဆာရီကိုချုပ်ဆိုထားသည့် လက်ကျန်စာချုပ်သက်တမ်းအရ ပေါင် ၄ ဒသမ ၅ သန်း ရရှိမည်ဖြစ်သည်။

ကွန်တီထွက်ခွာရန်အတွက်လည်း ဆွေးနွေးညှိနှိုင်းမှု အခြေအနေတိုးတက်လျှက်ရှိနေရာ ၅၉ နှစ်အရွယ် ဆာရီအနေဖြင့် အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရအောင် မကြာမီ လုပ်ဆောင်ခွင့်ရဖွယ်ရှိနေသည်။

၎င်း၏ ပထမဆုံး ပစ်မှတ်ကစားသမားမှာ ရုရှကွင်းလယ်လူ ဂိုလော့ဗ်ဗင်ဖြစ်ပြီး စီအက်စ်ကေအေအသင်းထံမှ ခေါ်ယူရန်အတွက် ပေါင် ၂၇ သန်းခန့် ကုန်ကျဖွယ်ရှိနေသည်။

ကမ္ဘာ့ဖလားအဖွင့်ပွဲဖြစ်သည့် ဆော်ဒီအာရေဗျနှင့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားမှာ ရုရှမြို့တော် မော်စကိုမှ ထွက်ခွာဖွယ်ရှိနေသည်။

၎င်းကို ဂျူဗင်တပ်ကလည်းအလိုရှိနေသော်လည်း ချယ်လ်ဆီးအသင်းက လက်မလျှော့ဘဲ လန်ဒန်သို့အရောက်ခေါ်ရန် ကြိုးစားချင်နေသည်။

Ref; The Sun

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags