မြန်မာနိုင်ငံမှ တက်ရောက်သော စတော့ဟုမ်း ငြိမ်းချမ်းရေးညီလာခံ ကျင်းပနေ

မြန်မာနိုင်ငံမှ တက်ရောက်သော စတော့ဟုမ်း ငြိမ်းချမ်းရေးညီလာခံ ကျင်းပနေ

ဇူလိုင် ၁ ။           ။ United Nation & Universal peace Federation တို့ပူးပေါင်းကျင်းပသည့် World Peace Conference -ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ-စတော့ဟုမ်း၊ Awarding World Peace prize -2018 ဇွန်လ ၃၀ ရက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပညာရေး၊ အမျိုးသမီးရေး၊ နိုင်ငံရေး စသည့် ကဏ္ဍအသီးသီးတွင် လူသားအကျိုးပြု လုပ်ငန်းများနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်ခဲ့သောဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်များကို ဆုပေးအပ်ခြင်းဖြစ်သည်။

စတော့ဟုမ်း ငြိမ်းချမ်းရေးဆုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် (၁၂)ဦးကို ကနဦးရွေးချယ်၍ ဆုများကို မြန်မာ၊နီပေါ၊အိန္ဒိယ၊အမေရိကန်၊ အာဖဂန်နစ္စတန်တို့မှ (၅)ဦးသာ ရရှိပြီး United Nation & Universal peace Federationတွင် ကုလသမဂ္ဂစာရင်းဝင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (၁၅)ဖွဲ ့ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ယင်းဆုကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး IBEC အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းတိုက် ပဓာန နာယကဆရာတေ် ဦးသောဘိတမှ ရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly