ဇူလိုင်လ ပထမပတ်အတွင်း မိုးလျော့နည်းနိုင်

ဇူလိုင်လ ပထမပတ်အတွင်း မိုးလျော့နည်းနိုင်

ဇူလိုင် ၁ ။            ။ ဇူလိုင်လ ၁ ရက်မှ ရ ရက် ကာလအတွင်း မြန်မာနိုင်ငံတွင် မုန်တိုင်းမိုးရရှိနိုင်ခြေမရှိသဖြင့် မိုးအား လျော့နည်း နိုင်ပါတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားပါတယ်။

ဇူလိုင်လ ၁ ရက် နံနက်(၄း၃၈)နာရီ တိုင်းတာချက်များအရ ဇူလိုင်လဆန်း မုန်တိုင်းမိုးရရှိနိုင်မှု အခြေအနေ ကို ခန့်မှန်းထားခြင်း ဖြစ်သည်။

“အထူးသဖြင့် အလယ်ပိုင်းဒေသများ (စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း) နဲ့ အရှေ့ပိုင်း ဒေသများ(ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ်)တို့မှာ မိုးလျော့နိုင်ပါတယ်” လို့ ဒေါက်တာထွန်းလွင်က ဇူလိုင်လ ၁ ရက်က ဖေ့ဘွတ်ခ်မှာ ရေးသားပြောဆိုထားပါတယ်။

အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်တို့မှာ မုန်တိုင်းဖြစ်နိုင်ခြေ မရှိဘဲ ပစိဖိတ် အနောက်မြောက်ဖက်တွင် တိုင်ဖွန်းမုန်တိုင်းများ ပုံမှန်ထက် သိသိသာသာ ပိုမို ဖြစ်နိုင်သော်လည်း တရုတ်ပြည်အရှေ့မြောက်ပိုင်း၊ ကိုရီးယားကျွန်းဆွယ် နဲ့ ဂျပန်နိုင်ငံများရှိရာ အရှေ့မြောက်ဖက်သို့သာ ဦးတည်ရွေ့လျှားနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly