မူးယစ်ဆေးဝါးများလျော့နည်းပပျောက်စေရန် သိန်းငှက်စစ်ဆင်ရေးဖြင့် ဆောင်ရွက်

မူးယစ်ဆေးဝါးများလျော့နည်းပပျောက်စေရန် သိန်းငှက်စစ်ဆင်ရေးဖြင့် ဆောင်ရွက်
မူးယစ်ကျော်ဇောနေရာဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ကံကြီးကုန်နှင့်ဇီးအုပ်ရွာတို့ရှိ နေအိမ်အချို့ကို ဇွန်လ ၃ ရက်နေ့ ဖျက်ဆီးနေသည့် ပုံများ

ဇွန်လ ၂၃ ။                ။ မန္တလေးခရိုင်အတွင်းတွင် မူးယစ်ဆေးဝါးများလျှော့နည်းပပျောက်စေရန်အတွက် သိန်းငှက်စစ်ဆင်ရေး အမည်ဖြင့် ဆောင်ရွက်လျှက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊လုံခြံုရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောသည်။

ထိုစစ်ဆင်ရေးကို ဇွန်လ ၂၅ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ပေါင်း ၃၀ ဖြင့် ရက်ပေါင်း ၉၀ ပြုလုပ်သွားမှာ ဖြစ်သည်။

ရပ်ကွက်များပေါ်မူတည်ပြီး အဖွဲ့တစ်ဖွဲ့တွင် အင်အားအနည်းဆုံး ၂၀မှအများဆုံး အင်အား ၅၀ ပါဝင်မည်ဖြစ်ကာ လူအင်အား ၁၀၀၀ကို ဖြန့်ခွဲထားသည်ဟု ဗိုလ်မှူးကြီး ကျော်ကျော်မင်းကဆိုသည်။

"အဲဒီအဖွဲ့တွေနဲ့အတူတူ ရပ်ကွက်အတွင်းမှာ ကျွန်တော်တို့ဖွဲ့စည်းထားတဲ့ ရပ်ကွက်က ပြည်သူလူထုတွေပါတဲ့ အဲဒီအဖွဲ့တွေကို ပေါင်းစပ်ပြီး အုပ်ချုပ်ရေးအဖွဲ့တွေပါမယ်။အရံမီးသတ်တပ်ဖွဲ့တွေ ဒီအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး တော့မှ ဒီစီမံချက်ကို ဆက်လက်ဆောင်ရွက်သွားမှာပါ။"ဟု ဗိုလ်မှူးကြီး ကျော်ကျော်မင်းကပြောသည်။

ယခုစစ်ဆင်ရေးမှာသက်ရောက်မှုပိုမို ရှိမှာဖြစ်သလို လှုရှားမှုတွေလည်း ပိုမိုဖြစ်မည်ဟု ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဆိုသည်။

"ရဲတပ်ဖွဲ့ဝင်တွေကို တွန်းအားပေးပြီးတော့မှ ကျွန်တော်တို့ခရိုင်းအတွင်းမှာရှိတဲ့သူကို အင်အားထပ်ဖြည့်တာ ဖြစ်ပါတယ်။ တိုင်းမှာ မန္တလေးမြို့မှာရှိတဲ့သူတွေမဟုတ်ပါဘူး။အခုလုပ်တဲ့အဖွဲ့တွေက ကျန်တဲ့တိုင်း၊ ခရိုင်ကအဖွဲ့ တွေပါ အင်အားတွက်ချက်ပြီးတော့မှ စီမံချက် သေသေချာချာစီမံပြီးတော့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ကိုယ်တိုင် စီမံချက်ဆွဲပြီးတော့မှ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။"ဟု ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောသည်။

မြို့ဝင်ဂိတ်များတွင်လည်း စစ်ဆေးမှုများဆောင်ရွက်နေပြီး မန္တလေးမြို့လုံခြံုရေးအတွက် CCTV ကင်မရာများ လည်း တပ်ဆင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိသည်ဟုဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly