NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ငါတို့စာပေတိုက်ရဲ့ ၁၅ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

.

 

ရန်ကုန် ၊ ဇွန် ၃၀ ရက် ။          ။ “ ငါတို့စာပေတိုက်” ရဲ့ ၁၅ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲတော်ကို  ဇွန်လ ၃၀ ရက်ကနေ ဇူလိုင် ၂ရက်နေ့အထိ Yangon Book Plaza ၅လွှာ မှာ ပြုလုပ်ကျင်းပနေပါတယ်။

ငါတို့စာပေတိုက်မှ ထုတ်ဝေရောင်းချတဲ့စာအုပ်များအားလုံးကို ၃၀% လျော့ဈေးဖြင့် ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။

ငါတို့စာပေ စာအုပ်တိုက် တည်ထောင်တာ ၁၅ နှစ်ပြည့်တဲ့အတွက် အမှတ်တရအနေနဲ့ အခုလို ပွဲလေး လုပ်တာလည်း ဖြစ်တယ်လို့ ထုတ်ဝေသူ ကိုစန်းမွန်အောင်( ကဗျာဆရာ မြေမှုန်လွင်) က ပြောပါတယ်။

စာအုပ်ဈေးတွေက ကြီးသလိုဖြစ်နေတဲ့အတွက် စာအုပ်တွေကို ဈေးလျော့ပြီးရောင်းတာဖြစ်တယ်လို့ ကိုမြေမှုန်လွင်က ပြောပါတယ်။

" ၃ရက်နေ့ကနေ စပြီး ၆ရက်နေ့အထိကြရင် မြန်မာတစ်ပြည်လုံးမှာရှိတဲ့ စာပေပရိသတ်တွေအတွက် We Distribution အွန်လိုင်းစာမျက်နှာကနေလည်း ၃၀% လျော့ဈေးနဲ့ မှာယူလို့ရအောင် စီစဉ်ပေးထားပါတယ်။ ဒါတော့ တစ်နိုင်ငံလုံးအတွက်ဖြစ်ပါတယ်။ " လို့ သူက ပြောပါတယ်။

ငါတို့စာပေကနေပြီး ဘာသာပြန်စာအုပ်တွေကို အများဆုံးထုတ်ဝေတာဖြစ်ပြီး ဒီဘက်ခေတ် နိုင်ငံတကာ လက်ရာတွေကို ဘာသာပြန်ထားတဲ့ စာအုပ်များကို အဓိကရောင်းချပေးနေတာဖြစ်သလိုဘာသာပြန်စာအုပ် အမျိုးစားပေါင်း တစ်ရာကျော်ပါဝင်တယ်လို့လည်း သိရပါတယ်။

အစောဆုံး ၀ယ်ယူသူ အယောက် ၅၀ကိုလည်း ၅၀% လျော့ဈေးဖြင့် ဇွန်လ ၃၀ ရက်နေ့မှာ ရောင်းချခဲ့ပြီး ဒီလို စာအုပ်ဈေးရောင်းပွဲကို တစ်နှစ်မှာတစ်ခါ ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။