ခေါင်းမူးမှ သွေးတိုးတာ မဟုတ်ပါ

ခေါင်းမူးမှ သွေးတိုးတာ မဟုတ်ပါ

ရေးသားသူ Dr Pyae Phyo Kyaw

 

ခေါင်းမူးမှ သွေးတိုးတာ မဟုတ်ပါ

“သွေးတိုးရှိနေတာ မသိဘူးလား။”
“သိပါတယ်ဆရာ”
“ဆေးပုံမှန်မသောက်ဘူးလား၊ အခုသွေးပေါင်ချိန်က ၂၂၀/၁၃၀ ဖြစ်နေတာ၊ ဦးနှောက်သွေးကြောပြတ်သွားတာ ဖြစ်နိုင်တယ်”

“ဟင်ဟုတ်လား လုပ်ပေးပါဦး ဆရာရယ်၊ သူက ခေါင်းမူးမှသွေးကျဆေး သောက်တာ။” ဦးထွန်းအေး၏ အမျိုးသမီးနှင့်ဆရာဝန်တို့အပြန်အလှန်ပြောနေကြခြင်းဖြစ်သည်။ ဦးထွန်းအေးတစ်ယောက် အလုပ်တွင် ရုတ်တရက်မေ့လဲ၍ ဆေးရုံခေါ်လာကြရခြင်းဖြစ်သည်။

သွေးတိုးရောဂါသည်ကမ္ဘာတစ်လွှား အဖြစ်များသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနောက်ဆုံးသတ်မှတ်ချက်အရ သွေးပေါင်ချိန်၁၃၀/၈၀ နှင့်အထက်ကို သွေးတိုးပြီဟု သတ်မှတ်ထားသည်။ သွေးတိုးရောဂါ၏ နောက်ဆက်တ ွဲ ရောဂါများမှာလည်း များပြားလှပါသည်။

သွေးတိုး၏လက္ခဏာများ

သွေးတိုးရောဂါသည်မည်သည့်လက္ခဏာမှမပြဘ ဲ ရှိနေတတ်သော အသံတိတ် လူသတ်သမားတစ်မျိုးပင်ဖြစ်သည်။ သွေးတိုးလာလျှင်ခေါင်းမူးသည်ခေါင်းကိုက်သည်ဟု ပြောလေ့ရှိကြသော်လည်း ထိုလက္ခဏာများသည် သွေးတိုးရှိတိုင်း ပေါ်လေ့ရှိသည်မဟုတ်ပါ။ တစ်ချို့ဆိုလျှင်သွေးတိုးရှိလို့ရှိမှန်းပင်မသိဘဲ သွေးတိုး၏ နောက်ဆက်တွဲ ရောဂါတစ်ခုခုပေါ်မှ သိကြသည်လည်းရှိသည်။

သွေးတိုးရောဂါ၏ နောက်ဆက်တွဲများ

သွေးတိုးရောဂါသည်အလွန်ဆိုးသော ရောဂါ တစ်ခုဖြစ်သည်။ သွေးတိုးရောဂါကို သေချာမထိန်းမိလျှင်ဦးနှောက်သေ ွးကြောပြတ်ခြင်း၊ လေဖြတ်ခြင်း၊ သွေး အရမ်းတိုး၍ သတိလစ်ခြင်း၊ နှလုံးကြီးခြင်း၊ နှလုံးအားနည်းခြင်း၊ နှလုံးသေ ွးကြောနှင့်တခြားသွေးကြောများ ပိတ်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ မျက်စိထိခို်က်ခြင်း စသည့်နောက်ဆက်တ ွဲ ဆိုးကျိုးများ များပြားလှပါသည်။

ခေါင်းမူးမှ သွေးတိုးတာလား

အထက်တွင်ဖော်ပြခဲ့သလိုအများစုသည် ခေါင်းမူးမှသွေးတိုးသည်ဟု ထင်တတ်ကြသည်။ ခေါင်းမူးမှသွေးပေါင်ချိန်ခြင်း၊ သွေးတိုးကျဆေးများ သောက်လေ့ရှိတတ်ကြသည်။

အမှန်မှာ သွေးတိုးရောဂါသည် မည်သည့်လက္ခဏာမှမပြဘ ဲ ရှိနေတတ်သည်။ လက္ခဏာ မပြဘဲ ရှိနေသော သွေးတိုးသည်ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြည်းဖြည်းခြင်းဖျက်ဆီးနေတတ်ပြီး အထက်ပါ နောက်ဆက်တွဲ ရောဂါများပေါ်လာချိန်မှ သိလိုက်ရသည်များ ရှိသည်။ တစ်ခါတစ်ရံအသက်ကိုပင်ချက်ချင်း နုတ်ယူသွားသည်အထိဖြစ်တတ်သည်။

သွေးတိုးနေမှန်း ဘယ်လို သိမလဲ

လက္ခဏာမပြဘဲရှိနေတတ်သည့် သွေးတိုးရှိမရှိသိရှိနိုင်ရန်မှာ သွေးပေါင်ချိန်ကြည့်မှပင်ရပါမည်။အသက်၄၀ ကျော်လာသူများအနေဖြင့်သွေးတိုးမရှိသေးလျှင်ပင်၅ နှစ်တစ်ခါခန့်ပုံမှန် သွေးပေါင်ချိန်ကြည့်ခြင်းရန်လိုအပ်သည်။ ထိုမှသာ သွေးတိုးရှိနေလျှင် ရှိနေကြောင်း စောလျင်စွာ သိ၍ နောက်ဆက်တွဲ ဆိုးကျိုးများမှ ကာကွယ်နို်င်မည်ဖြစ်သည်။

အစားအသောက် အနေအထိုင်နှင့် သွေးတိုး

သွေးတိုးရောဂါသည်အစားအသောက်ဆင်ခြင်ရမည့်ရောဂါတစ်မျိုးဖြစ်သည်။ သွေးတိုးလျှင် အငန်ရှောင်ရမည်ကိုလူတိုင်းနီပါး သိကြပါသည်။ သို့သော်မြန်မာလူမျိုးတို့ အကြိုက်အစားအစာများထဲတွင် အငန်ဓာတ်ဖြစ်သည့်ဆိုဒီယမ်ဓာတ်များသော အစားအစာများ ပါဝင်လေ့ရှိပါသည်။ ငါးပိငါးခြောက်ငံပြာရည် အချိုမှုန့်အသားမှုန့်စသည်တို့တွင် ဆိုဒီယမ်ဓာတ်များများပါဝင်တတ်ကြသည်။

ဂျံုနှင့်လုပ်သော အစားအသောက်များဖြစ်သည့်အီကြာကွေး ပဲပြုတ်စသည်တို့တ ွင်လည်း ဆိုဒါ ထည့်လေ့ရှိရာ ထိုဆိုဒါဓာတ်သည်လည်း ဆိုဒီယမ်ဓာတ်ပင်ဖြစ်သည်။ ထို့ကြောင့်ထိုအစားအစာများကိုလည်း အများကြီးမစားသင့်ချေ။

နောက်ထပ်သတိပြုရန်မှာ နွယ်ချိုပါသော ဆေးများ အစားအစာများပင်ဖြစ်သည်။ အငန်တော့ ရှောင်ပါသည်။ အစာကြေအောင်ဆိုပြီး နွယ်ချိုပါသော လျက်ဆားလေးတော့အမြဲစားနေပါသည်ဆိုသော လူနာများလည်း တွေ့ဖူးပါသည်။

 သွေးတိုးသမားနှင့် မတည့်ပါ။အရက်သောက်ခြင်းသည်လည်း သေ ွးတိုးရောဂါကိုပိုဆိုးစေနိုင်သော အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ ပုံမှန်လမ်းလျှောက်ခြင်းကဲ့သို့သော   လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည်လည်း သွေးတိုးကို ထိန်းရန်အတွက်သော်လည်းကောင်း၊ သွေးတိုး၏ နောက်ဆက်တွဲ ရောဂါများကို ကာက ွယ်ထိန်းသိမ်းရန်သော်လည်းကောင်း အကျိုးရှိရာ သွက်လက်တက်ကြွစွာ နေထိုင်သင့်ပါသည်။

သွေးတိုးကျဆေးကို ပုံမှန် သောက်ရမှာလား

သွေးတိုးရှိသူများ အနေဖြင့်လည်း ခေါင်းမူးမှသွေးတိုးသည်၊ သွေးပေါင်ကျဆေးသောက်ရတော့မည်ဟု မှားယွင်းစွာ ယူဆမိတတ်ကြပါသည်။ အမှန်မှာ သွေးပေါင်ကျဆေးသည်   နေ့စဉ်ပုံမှန်သောက်ရမည့် ဆေးဖြစ်သည်။ သွေးပေါင်ကိုပုံမှန်ဆေးသောက်ပြီး ထိန်းပါမှသွေးတိုးကြောင့်နောက်ဆက်တွဲ ထိခိုက်မှုများကို ကာက ွယ်နိုင်မည်ဖြစ်သည်။   ခေါင်းမူးမှဆေးသောက်ပါက   ခေါင်းမမူးဘဲတိုးနေတတ်သော သွေးတိုး၏ နောက်ဆက်တ ွဲ ပြဿနာများကိုကျိန်းသေပေါက်ခံစားကြရပါလိမ့်မည်။သွေးပေါင်ကျဆေးသောက်ရင်သွေးပေါင်အရမ်းကျသ ွားမှာပေါ့ဟုစိုးရိမ်ကြသူများကိုလည်း တွေ့ဖူးပါသည်။ သွေးပေါင်ကျဆေးသောက်ရာတွင်လည်း သွေးပေါင်ကိုပုံမှန်အနေအထားအတ ွင်း ထိန်းနိုင်မထိန်းနိုင်ပုံမှန်တိုင်းကြည့်ရန်လိုပါသည်။ ဆရာဝန်များဘက်မှလည်း သွေးပေါင်ကျဆေးပေးရာတွင်လူနာတစ်ဦးချင်းစီအနေအထားပေါ် မူတည်၍ ဆေးကို   ပေးကြရသည်ဖြစ်ရာ   သွေးပေါင်အလွန်ကျသ ွားခြင်းမဖြစ်အောင်ထိန်းညှိပေးထားကြသည်သာဖြစ်သည်။ သေ ွးတိုးရောဂါရှိသူများ အနေဖြင့်လည်း သွေးပေါင်ကျဆေးသောက်နေရင်းနှင့်ဝမ်းလျှောခြင်း၊ သွေးအများကြိီးထွက်ခြင်း၊ မူးခြင်း စသည်များဖြစ်လာပါက သေ ွးပေါင်ပုံမှန်အနေအထားရှိမရှိ ပြန်လည်စစ်ဆေးနိုင်ရန်ဆရာဝန်နှင့် ပြန်လည်တိုင်ပင်သင့်ပါသည်။ သေ ွးပေါင်ကျဆေးကိုလည်း သူများအပြောနှင့်လိုက်မသောက်ဘ ဲ ဆရာဝန်နှင့် စနစ်တကျ တိုင်ပင်ပြီး သောက်သုံးသင့်ပါသည်။

သွေးပေါင်အရမ်းတက်နေရင်

သွေးတိုးရောဂါ၏ နောက်ထပ်ထူးခြားချက်တစ်ခုမှာ သွေးပေါင်အရမ်းတက်နေချိန်တွင်သွေးပေါင်ကို အမြန်ချတိုင်းလည်း မကောင်းသည့်အချက်ပင်။ သွေးပေါင်၁၈၀/၁၂၀ ကျော်နေသည့်အချိန်တွင် သွေးပေါင်ကိုချသင့်သည့်အနေအထားထက်ပိုပြီး အမြန်ချလိုက်လျှင်ပင်အန္တရာယ်ရှိနို်င်ပြီး လေဖြတ်သည်အထိပင်ဖြစ်နိုင်ပါသည်။ သွေးပေါင်အမြန်ချရမည့်အနေအထားများတ ွင်နှလုံးဖောက်ခြင်း၊သတိလစ်ခြင်း၊ ကျောက်ကပ်ထိခြင်း၊ သွေးကြောမကြီးနံရံက ွဲခြင်းစသည်တို့ပါဝင်ပြီး တခြားအနေအထားများတွင်သွေးပေါင်ကိုသောက်ဆေးနှင့်သာ ဖြည်းဖြည်းချင်းချရပါသည်။ ထို့ကြောင့် သွေးအရမ်းတိုးတိုင်းလည်း သေ ွးပေါင်အမြန်မချရသည့်အချက်ကိုလည်း  နားလည်သဘောပေါက်စေချင်ပါသည်။ ယခုနောက်ပိုင်းတေ ွ့ရှိချက်များအရ အရင်က သွေးပေါင်အမြန်ချရန်   သုံးလေ့ရှိသည့်သွေး ပေါင်ကျဆေးကိုလျှာအောက်ငုံစေခြင်းသည်း ကောင်းကျိုးထက်သွေးပေါင်ရုတ်တရက် ကျသ ွားနိုင်သည့်ဆိုးကျိုးပိုများကြောင်းတွေ့ရှိရပါသည်။

အချုပ်အားဖြင့်ဆိုရလျှင်သေ ွးတိုးရောဂါသည်ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သောရောဂါတစ်မျိုးဖြစ်ပြီး သေချာမကုသမိပါကလည်း နောက်ဆက်တွဲ ဆိုးကျိုးများသော ရောဂါဖြစ်သည်။ ကုသလျှင်လည်း ဆေးကို သောက်လိုက်မသောက်လိုက်လုပ်၍ မရဘဲ ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ   ဆေးပုံမှန်သောက် အစားအသောက်ဆင်ခြင် လေ့ကျင့်ခန်းပုံမှန်လုပ်ကာ  ထိန်းသိမ်းသွားသင့်သော ရောဂါပင်ဖြစ်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly