မော်တော်ဆိုင်ကယ်ကုမ္ပဏီ Harley-Davidson ကို ဒေါ်နယ်ထရမ့် ခြိမ်းခြောက်တိုက်ခိုက်

မော်တော်ဆိုင်ကယ်ကုမ္ပဏီ Harley-Davidson ကို ဒေါ်နယ်ထရမ့် ခြိမ်းခြောက်တိုက်ခိုက်

ဇွန် ၂၈ ။               ။ ထုတ်လုပ်မှုလုပ်ငန်းတစ်ချို့ ပြည်ပကို ပြောင်းရွှေ့လိုနေတဲ့ ကမ္ဘာကျော် အမေရိကန်မော်တော်ဆိုင်ကယ် ကုမ္ပဏီ Harley-Davidson ကို သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်တိုက်ခိုက်နေလျက် ရှိပါတယ်။

Harley-Davidson ကုမ္ပဏီဟာဆိုရင် ယခုအခါမှာ ယင်းရဲ့ ထုတ်လုပ်မှုလုပ်ငန်းတစ်ချို့ကို ပြည်ပမှာ သွားရောက်ပြောင်းရွှေ့ထုတ်လုပ်ဖို့ ပြင်ဆင်လာတာနဲ့ပတ်သက်လို့ သမ္မတ ထရမ့်က မကျေမနပ် ဖြစ်နေပါတယ်။

တကယ်လို့သာ Harley-Davidson အနေနဲ့ အမေရိကန်ပြည်ပမှာ သွားရောက်ထုတ်လုပ်မယ်ဆိုရင် ယင်းကုမ္ပဏီအပေါ် အခွန်ကောက်ခံစည်းကြပ်သွားမယ်ဆိုပြီး ထရမ့်က ခြိမ်းခြောက်ထားပါတယ်။

အမေရိကန် အထင်ကရ မော်တော်ဆိုင်ကယ် အမှတ်တံဆိပ်အနေနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို အမေရိကန်ပြည်တွင်းမှာပဲ လုပ်သင့်တယ်လို့ ထရမ့်က ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags