ပညာဆက်သင်ရန် အခက်အခဲရှိသူများကို ကူညီရန် ဖောင်ဒေးရှင်း တည်ထောင်မည်

ပညာဆက်သင်ရန် အခက်အခဲရှိသူများကို ကူညီရန် ဖောင်ဒေးရှင်း တည်ထောင်မည်
အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ဇွန်လ ၂၇ ရက်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို ဆုချီးမြှင့်နေစဉ်

မန္တလေး၊ဇွန် ၂၈ ။              ။ အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ အုပ်ချုပ်မှုအောက်ရှိ ယာဉ်လောကသားများထဲမှ တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ်အသီးသီးသို့ တက်ရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်စရိတ်ထောက်ပ့ံပေးဖို့အတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်သွားမည်ဟု အဝေးပြေးယာဉ်လုပ်ငန်းများ   ကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက မဇ္ဈိမကိုပြောသည်။

ထိုသို့ ထောက်ပ့ံကူညီမှုကို ၂၀၁၈-၂၀၁၉ခုနှစ် ပညာသင်နှစ်မှစတင်၍ ဆောင်ရွက်သွားမည်ဟု ဦးအောင်ကျော်လင်းက ဆိုသည်။

"ယာဉ်လောကသားတွေရဲ့ သားသမီးတွေ ပညာရေးကို အားပေးချင်လို့ လုပ်တာပါ။"ဟု ဦးအောင်ကျော်လင်းက ပြောသည်။

အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီအုပ်ချုမှုအောက်တွင် ယာဉ်အသင်းပေါင်း ၅၆၀ ရှိပြီး ယာဉ်အစီးရေ ၆၀၀၀ ကျော်ရှိကြောင်းသိရသည်။

အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် ၂၀၁၇-၂၀၁၈ခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ကျောင်းသူ ၂၀၇ဦးကို ကျပ်သိန်းပေါင်း ၂၃၃သိန်းဆု ချီးမြှင့်ခဲ့သည်။

ဇွန်လ ၂၇ ရက်၊နံနက် ၉ နာရီ၊၃၀ မိနစ်က မန္တလေးမြို့၊ ၆၃လမ်း၊ ၃၃ လမ်း နှင့် ၃၄ လမ်းကြား၊ အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီရုံး၊ရွှေမန္တလေး ခန်းမတွင် ၂၀၁၇-၂၀၁၈ခုနှစ်၊ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ယာဉ်ပိုင်ရှင်များ၊ ယာဉ်မှူးများ၊ ယာဉ်နောက်လိုက်များနှင့် ယာဉ်အသင်းဝင် ဝန်ထမ်းများ၏ သားသမီးများကို မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ၁၇ ကြိမ်မြောက် ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly