အောင်ပွဲခံကောင်းလို့ နေမာ့ညီမ ပုခုံးအဆစ်လွဲ

အောင်ပွဲခံကောင်းလို့ နေမာ့ညီမ ပုခုံးအဆစ်လွဲ

ဇွန် ၂၈၊ စိန့်ပီတာစ်ဘာ့ဂ်။          ။ နောက်ဆုံးမှာ ကော်စတာရီကာဘက်ကို နေမာဂိုးသွင်းလိုက်ပြီးနောက် ဘရာဇီးတွေအောင်ပွဲခံခဲ့ကြပြီး စူပါကြယ်ပွင့် တိုက်စစ်မှူးကတော့ ထိုင်ငိုခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ညီမကရော…။ သူ့ညီမကတော့ အောင်ပွဲအခံကောင်းလို့ ပုခုံးအဆစ် လွဲသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ ဘရာဇီးအသင်းက ကော်စတာရီကာကို အနိုင်ရခဲ့တဲ့ပွဲမှာ အစ်ကိုဖြစ်သူ ဂိုးသွင်းလိုက်ပြီးနောက် ရာဖယ်လာ ဆန်းတို့စ်ဟာ စိတ်လှုပ်ရှားလွန်းပြီး အောင်ပွဲခံခဲ့တဲ့အတွက် သူငယ်ချင်းတစ်ယောက်နဲ့တိုက်မိပြီး ဒဏ်ရာရသွားတာ ဖြစ်တယ်လို့ ဘရာဇီးစပို့တီဗီက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာပါ။

သူကလည်း ဘယ်ဖက်လက်မောင်းမှာ လည်သိုင်းပတ်တီးနဲ့ပုံကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။ သူဟာ စိန့်ပီတာစ်ဘာ့ဂ်က ခရက်စ်တော့ဗ်စကီးကွင်းထဲထိ သွားရောက်အားပေးရင်း ဒဏ်ရာရခဲ့တာပါ။

ပေါင် ၁၉၈ သန်းတန် ကမ္ဘာ့စျေးအကြီးဆုံးတိုက်စစ်မှူးနေမာဟာ သူ့ညီမနဲ့သိပ်ရင်းနှီးပြီး ညာဘက်လက်မောင်းမှာတောင် ညီမဖြစ်သူရဲ့ မျက်နှာပုံတူကို ဆေးမင်ကြောင် ထိုးထားပါသေးတယ်။

နေမာဦးဆောင်နေတဲ့ ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားအုပ်စု E မှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ရ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

ဘရာဇီးအသင်းအနေနဲ့ အုပ်စု F ဒုတိယအဖြစ်နဲ့ နောက်တစ်ဆင့်တက်လာတဲ့ မက္ကဆီကိုအသင်းနဲ့ ဇူလိုင် ၂ ရက်မှာ ဆက်လက် ရင်ဆိုင်ရမှာပါ။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly