မကွေးတိုင်းအတွင်း မူးယစ်ဆေးဝါး စုစုပေါင်း (၁၆၃၇.၅၁၃)ဂရမ် ဖမ်းဆီးရမိ

မကွေးတိုင်းအတွင်း မူးယစ်ဆေးဝါး စုစုပေါင်း (၁၆၃၇.၅၁၃)ဂရမ် ဖမ်းဆီးရမိ

 

ဇွန်လ ၂၇ ။         ။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ခုနှစ်အတွင်း ဆေးခြောက်၊ ဘိန်းမဲ ၊ ဘိန်းဖြူ ၊ ဘိန်းစိမ်းစုစုပေါင်း (၁၆၃၇.၅၁၃)ဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြံုရေးနှင် ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ပြောသည်။

မကွေးမြို့ မြို့တော်ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံး မှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်   ပြောခဲ့ခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ရိုးမ ချင်းပြည်နယ်တို့နှင့် ထိစပ် လျှက်ရှိသော အချို့ဒေသများတွင် တောတောင်လျှိုမြှောင်နှင့်တောင်ထိပ်များတွင် လမ်းပန်းဆက်သွယ်မှု အခက်အခဲအရ လျှို့ဝှက်စိုက်ပျိုးမှုများရှိသဖြင့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် တားဆီးနှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး သွားရောက်ဖျက်ဆီးခဲ့ရာမှ ဘိန်းခင်း(၁၁၀ဒဿမ၈)ဧကအား ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၇-၂၀၁၈ခုနှစ်တွင် မကွေးတို်င်းဒေသကြီးအတွင်းမှ စိတ်ကြွဆေးပြား(၉၂၆၈)ပြား ဆေးခြောက် (၂၅၆ဒဿမရ၈)ဂရမ် ဘိန်းမဲ(၃၂ဒဿမ၆၆)ဂရမ် ဘိန်းဖြူ(၂၄ဒဿမဝ၆၂)ဂရမ်၊ ဘိ်န်းစိမ်း(၈၀ဒဿမ၁၃၁) ဂရမ်း စုစုပေါင်း(၁၆၃၇ဒဿမ၅၁၃)ဂရမ်းတန်းဖိုး (၄၆၀၆၂၈၇၀)ကျပ် (လေးရာခြောက်ဆယ်သိနး်နှစ်သောင်း ငါးထောင်ရှစ်ရာခုနှစ်ဆယ်ကျပ်)တန်းဖိုးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရာတွင် တရားခံကျား(၄၀)ဦး မ(၆)ဦး စုစုပေါင်း(၄၆)ဦးတို့ကိုဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများသုံးစွဲမှုပပျောက်ရေးအတွက် မူးယစ်ဗဟိုအဖွဲ့၏လုပ်ငန်းအဖွဲ့အစည်းအသီးသီးမှ NGO INNGO များနှင့်ပူးပေါင်း၍ အသိပညာပေးကာကွယ်ခြင်း   ဆေးစွဲမှုကုသခြင်း   ဆေးစွဲသူများအားပြုစုစောင့် ရှောက်ခြင်း ပြန်လည်ထူထောင်ခြင်းနှင့် လူမှုရေးအထောက်အပ့ံပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်လ ျှက် ရှိကြောင်း ဗိုလ်မှူးကြီးမင်းဦးက ပြောသည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ ၊ ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း ၊ မကွေးတိုင်းဒေသကြီး သယံဇာတလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးမြင့်ဇော် ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းနှင့် မကွေးတိုင်း ဒေသကြီးအစု်ိးရအဖွဲ့လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ဝန်ထမ်းများကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly