ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ အသုံးပြုသွားမယ့် ဘောလုံးသစ်

ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ အသုံးပြုသွားမယ့် ဘောလုံးသစ်
(ဓာတ်ပုံ - FIFA)

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့်အတွက် ဘောလုံးသစ်ကို အသုံးပြုသွားမယ်လို့ ဖီဖာ ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

Telstar Mechta လို့ နာမည်ပေးထားတဲ့ အဆိုပါဘောလုံးသစ်ဟာ အုပ်စုအဆင့် ပွဲစဉ်တွေ တစ်လျှောက်အသုံးပြုတဲ့ Adidas ထုတ် Telstar 18 ဘောလုံးနေရာမှာ အစားထိုး အသုံးပြုသွားမှာဖြစ်ပါတယ်။

ဘောလုံးသစ်ဟာ အနီကွက်အကွက်လေးတွေနဲ့ ဒီဇိုင်းဖြစ်ပြီး ဒါက အိမ်ရှင်နိုင်ငံရဲ့ အရောင်တွေနဲ့ ရှုံးထွက်အဆင့်ရဲ့ အရှိန်မြင့်မှုကို ပုံဖော်ဖန်တီးထားတယ်လို့ ဆိုပါတယ်။

Mechta ကို ရုရှားမှာ "အိပ်မက်" လို့ ဘာသာပြန်ထားပြီး ဘောလုံးသစ်ကို စနေနေ့ ရှုံးထွက်အဆင့်မှာ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly