အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် အရှေ့တောင်အာရှနိုင်ငံများ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် အရှေ့တောင်အာရှနိုင်ငံများ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်

ခတ္တမန္ဒူ၊ ဇွန် ၂၆ ။           ။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် လာအိုနိုင်ငံက တာဝန်ရှိသူများက ဘိန်းဖြူ ၄၀ ကီလိုဂရမ်နှင့် ယာဘဆေးပြား ထောင်ပေါင်းများစွာကို ဇွန် ၂၆ ရက်က မီးရှို့ဖျက်ဆီးကြသည်။

ထိုသို့သော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုကို ရွှေတြိဂံဒေသ တည်ရှိနေသော အရှေ့တောင်အာရှတစ်ဝန်းတွင် ပြုလုပ်ကြခြင်း ဖြစ်သည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ကမ္ဘာ့ဒုတိယမူးယစ်ဆေးဝါး အများဆုံး ထွက်ရှိရာ အဆိုပါ ရွှေတြိဂံဒေသသည် ထိုင်း၊ မြန်မာ၊ တရုတ်နှင့် လာအိုနို်င်ငံတို့ နယ်စပ်ဆုံရာတွင် ရှိနေခြင်း ဖြစ်သည်။

ထိုဒေသတွင် မက်သာဖီတာမင်းနှင့် အိုက်စ်ဆေးပြားများ စံချိန်တင် ထွက်ရှိကာ ဂျပန်နှင့် သြစတြေးလျသို့ထိ စိမ့်ဝင်ရောက်ရှိနေကာ ယခုနှစ်အတွင်း အများအပြား ဖမ်းဆီးရမိခဲ့သည်။

နိုင်ငံငါးနိုင်ငံနှင့် နယ်စပ်ထိစပ်နေကာ ဆင်းရဲသော လာအိုနို်င်ငံအနေဖြင့် ဆေးပြားများ ကုန်ကူးရာ အဓိက လမ်းကြောင်းအဖြစ် ရှိနေခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် ယခင်မြို့တော်ဟောင်း ရန်ကုန်တွင် မူးယစ်ဆေးပြားများ၊ ဆေးခြောက်၊ ဘိန်းနှင့် ဘိန်းဖြူအမြောက်အမြားကို မီးရှို့ဖျက်ဆီးခြင်း ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်က ထိုင်းနိုင်ငံတွင် မက်သာဖီတာမင်း၊ ဟီရိုအင်း၊ ဘိန်း၊ စိတ်ကြွဆေးပြား၊ ကိုကင်းနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအပါအဝင် တန်ဖိုးအားဖြင့် ဘတ်ငွေ ၁၃ ဒဿမ ရ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၁၅ ဒဿမ ၅ သန်း) ရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly