ကုန်သည်စက်မှုအသင်းချုပ်နှင့် ပတ်သက်သောဥပဒေ ရေးဆွဲပြဌာန်းနိုင်ရန် လုပ်ဆောင်သွားမည်

ကုန်သည်စက်မှုအသင်းချုပ်နှင့် ပတ်သက်သောဥပဒေ ရေးဆွဲပြဌာန်းနိုင်ရန် လုပ်ဆောင်သွားမည်
ဓာတ်ပုံ - ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

 

ဇွန် ၂၆။           ။ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၏ လုပ်ငန်းဆောင်ရွက်မှုများသည် ဥပဒေနှင့် ဖွဲ့စည်းတည် ဆောက်ထားလျှင် ပိုမိုခိုင်မာပြီး ပုဂ္ဂလိကကဏ္ဍကို ထိထိရောက်ရောက် ကိုယ်စားပြုဆောင်ရွက်နိုင်အောင် ကုန် သည်စက်မှုအသင်းချုပ်နှင့် ပတ်သတ်သော ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။

“နိုင်ငံတကာမှာလည်း Business Membership Organization Law စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များဥပဒေ ဆိုပြီးရှိတယ်။ ကုန်သည်စက်မှုအသင်းချုပ်ကလည်း နှစ် ၁၀၀သက်တမ်းရှိတဲ့ အသင်းအဖွဲ့ဖြစ်တယ်။ ကုန်သည် စက်မှုအသင်းချုပ်ရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့အနေအထားဖြစ်ရင် ပိုပြီး ခိုင်မာမယ်။ နောက်ပြီး ပုဂ္ဂလိကဏ္ဍကို ပိုပြီးထိထိရောက်ရောက် ကိုယ်စားပြုနိုင်မယ်” ဟု ၎င်းကပြောသည်။

ကုန်သည်စက်မှုအသင်းချုပ်သည် ၂၀၁၉ခုနှစ်တွင် နှစ် ၁၀၀သက်တမ်းပြည့်မည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍတွင် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ဥပဒေနှင့်အညီရပ်တည်ပြီး ခိုင်မာမှုရှိလျှင် ဖွံ့ဖြိုးရေးကိုပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဥပဒေတွင်ပါ၀င်သင့်သည့် အချက်အလက်များကို ဥပဒေရေးရာကျွမ်းကျင်သူပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သ တင်းရရှိသည်။

ယင်းဥပဒေကို သက်ဆိုင်ရာဥပဒေရေးရာကျွမ်းကျင်သူများ၏ အကူအညီများကိုရယူကာရေးဆွဲသွားမည်ဖြစ်ပြီး ဥပဒေပြဌာန်းခြင်းသည် လွတ်တော်၏တာဝန်ဖြစ်သောကြောင့် လွတ်တော်၏ သဘောဆန္ဒသည် အရေးကြီး ကြောင်း ဦးရဲမင်းအောင်ကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly