အာရှခြေစစ်ပွဲအတွက် အသင်းကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမည်ဟု ယူ-၁၉ နည်းပြပြော

အာရှခြေစစ်ပွဲအတွက် အသင်းကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမည်ဟု ယူ-၁၉ နည်းပြပြော
မြန်မာယူ-၁၉ အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်။ ဓာတ်ပုံ- MFF

၂၀၁၆ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် လက်ရှိ ယူ - ၁၉အသင်းကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမည်ဟု နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က ပြောသည်။

မြန်မာယူ-၁၉ အသင်းမှာ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စုအဆင့်၌ စင်ကာပူကို ၁-ဝဂိုး၊ မလေးရှားကို ၁-၀ ဂိုးများဖြင့် အနိုင်ရခဲ့သော်လည်း တီမောနှင့်တစ်ဂိုးစီသရေ၊ ဗီယက်နမ်ကို ၂-၀ ဖြင့် ရှုံးခဲ့သဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

“အသင်းမှာ ကစားသမားအချို့ရဲ့ ကြိုးစားအားထုတ်မှုကို မကြိုက်ပါဘူး။ ခြေစစ်ပွဲအတွက် ကစားသမား အပြောင်းအလဲလုပ်ဖို့ လိုပါတယ်။ ပြင်ဆင်ချိန် နည်းနေပေမယ့် ရတဲ့အချိန်အတွင်းမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားပါမယ်”ဟု ဂတ်ဇီဆီကပြောသည်။

၂၀၁၆ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းမှာ ဗီယက်နမ်၊ တီမော၊ ဘရူနိုင်း၊ ဟောင်ကောင် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် စက်တင်ဘာ ၃၀ ရက်တွင် ဘရူနိုင်းအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly