စမတ်ဖုန်းကင်မရာလောကကို စိန်ခေါ်လိုက်တဲ့ Huawei P20 Series ဖုန်းနှစ်လုံး

စမတ်ဖုန်းကင်မရာလောကကို စိန်ခေါ်လိုက်တဲ့ Huawei P20 Series ဖုန်းနှစ်လုံး

ဖုန်းတစ်လုံးဝယ်ရုံနဲ့ Professional Cameraman တစ်ယောက်လိုဓာတ်ပုံတွေ အလွယ်တကူရိုက်ကူးနိုင်စေမယ့် AI နည်းပညာပါဝင်တဲ့ ဖုန်းအမျိုးအစားကို ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Huawei က မိတ်ဆက်လိုက်ပါပြီ။ Huawei ဟာ P Series family product ဖြစ်တဲ့ P9 မှ စတင်ပြီး ကမ္ဘာ့စမတ်ဖုန်းကင်မရာလောကမှာ ထိပ်တန်းအမှတ်တံဆိပ်ဖြစ်တဲ့ LEICA နှင့် ပူးပေါင်းကာကင်မရာပိုင်းမှာ ပြိုင်ဖက်ကင်းတဲ့ စမတ်ဖုန်းများကိုနိုင်ငံတကာစျေးကွက်နှင့်မိတ်ဆက်ပေးခဲ့ရာအခုတစ်ခါမှာလည်း AI နည်းပညာပါဝင်ပြီး LEICA Triple Camera အထိတပ်ဆင်ထားတဲ့ စမတ်ဖုန်းကိုထုတ်လုပ်လိုက်ပြန်ပါပြီ။ 2018 အတွက် Huawei ရဲ့ အပြောင်မြောက်ဆုံးလက်ရာအဖြစ် Huawei P20 နှင့် P20 Pro ဟာကင်မရာပိုင်းမှာရော၊ ဒီဇိုင်းပိုင်းမှာရော၊ လုပ်ဆောင်မှုပိုင်းမှာပါ တော်တော်လေးကိုအားရစရာကောင်းလှပါတယ်။ Huawei P20 Pro မှာဆိုရင် LEICA Triple Camera စနစ်တပ်ဆင်ထားပြီးဓာတ်ပုံနဲ့ပတ်သက်လာရင်တော့ သင်လက်ထဲကမချချင်တဲ့ ဖုန်းဖြစ်မယ်ဆိုတာသေချာပါတယ်။

P20 Pro မှာ 40MP RGB Camera ရဲ့ အပေါ်မှာ Advanced Portrait တွေကိုရိုက်ကူးနိုင်စေမယ့် 8MP Telephoto Lens နဲ့ အောက်ဖက်မှာတော့ 20MP Mono Lens နဲ့ Camera ကိုတပ်ဆင်ပေးထားပါတယ်။ Huawei P20 ဖုန်းမှာတော့ Leica Dual Camera ပါရှိပြီး 12MP RGB Camera နဲ့ 20MP Monochrome Camera ကိုတပ်ဆင်ပေးထားပါတယ်။ 20MP Mono Lens တွေဟာအဖြူ အနက်ရုပ်ပုံများကိုတိကျပြတ်သားစွာရိုက်ကူးပေးနိုင်ပြီးသာမန် အရောင်ကင်မရာများထက် အလင်း ၃၀၀% ပိုမိုဖမ်းယူနိုင်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ ISO 102400 အတိိုင်းအတာထိ ရိုက်ကူးပေးနိုင်တာကြောင့် ညဖက် အလင်းရောင်နည်းချိန်မှာတောင် အရည်အသွေးကောင်းမွန်တဲ့ ပုံရိပ်တွေကိုဖမ်းယူနိုင်စေမှာပါ။ P20 ရော၊ P20 Pro ဖုန်းတွေမှာစက္ကန့် ၃၀ အထိ Long Exposure ရိုက်ကူးနိုင်ပြီးတော့ Light Painting နဲ့ Night Mode တွေပါဝင်မှာဖြစ်ပါတယ်။ 5X Hybrid Zoom ကြောင့် Zoom ဆွဲရိုက်ဖို့လိုအပ်လာတဲ့ အခြေအနေမျိုးတွေမှာတောင် ကြည်လင်တိကျပြတ်သားတဲ့ ဓာတ်ပုံကိုသင်ရရှိနိုင်မှာပါ။ ဒီဖုန်းကင်မရာတွေရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ Master AI နည်းပညာပါဝင်ပြီး မြင်ကွင်းအမျိုးအစားပေါင်း ၁၉ခုကို Camera က သိရှိနားလည်နိုင်ခြင်းဖြစ်ပါတယ်။

AI ကနေ လိုအပ်သလို အရောင်ချိန်ညှိပေးတာမျိုးတွေကို ဓာတ်ပုံရိုုက်ဖို့ ချိန်နေတုန်းမှာ လုပ်ပေးသွားနိုင်မှာဖြစ်ပြီး လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကိုတိကျစွာရိုက်ကူးနိုင်တဲ့ AI Powered Snapshot ၊ 4D Predictive Focus ၊ 4K Video Recording နဲ့ လှုပ်ရှားမှုတွေကိုထိန်းညှိပေးနိုင်တဲ့ 6-Axis Motion Stabilization ကလည်း ဗီဒီယိုတွေကို တည်ငြိမ်နေအောင် ရိုက်ကူးပေးနိိုင်မှာပါ။ Selfie Camera များဟာ 24 MP ရှိတဲ့အပြင် 3D Portrait Mode ပါဝင်တာကြောင့် သင်ရိုက်သမျှဓာတ်ပုံတိုင်းက သင့့်ကိုစိတ်ကျေနပ်မှုပေးနိုင်မှာ သေချာပါတယ်။ Huawei P20 ဖုန်းမှာ 5.8 Inch ရှိတဲ့ Full HD RGBW Display ကိုတပ်ဆင်ပေးထားပြီး P20 Pro ဖုန်းမှာတော့ 6.1 Inch ရှိပြီး Android 8.1 နဲ့အတူ Huawei ရဲ့ EMUI 8.1 ပါဝင်တာကြောင့် လုပ်ဆောင်ချက်တွေကို လျင်မြန်စွာ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အရောင်အားဖြင့် Huawei P20 ကိုတော့ လူအများသဘောကျနှစ်သက်မယ့် အရောင်တွေဖြစ်တဲ့ အပြာ၊ အနက်နဲ့ ပန်းရောင်ဆိုပြီးအရောင် ၃ မျိုးနဲ့ရနိုင်မှာပဲဖြစ်ပါတယ်။ P20 Pro ကိုတော့ အပြာရောင်၊ အနက်ရောင်နဲ့ Twilight သုံးမျိုးနှင့် ထွက်ရှိလာပါတယ်။ RAM ပမာဏအနေနဲ ့ Pro ဗားရှင်းမှာ 6GB အထိလာပေမယ့် ရိုးရိုး P20 မှာတော့ RAM 4GB ပဲသုံးထားတာ ဖြစ်ပါတယ်။ storage 128GB ကိုဖုန်းနှစ်လုံးစလုံးမှာသုံးလာပြီး OS စနစ်ပိုင်းမှာ Huawei ရဲ့ EMUI 8.1 အုပ်ထားတဲ့ Android 8.1 Oreo နဲ ့လာတာပါ။ ဘက်ထရီစနစ်ပိုင်းမှာလည်း Huawei P20 Pro ဟာ 4000 mAhဘက်ထရီအကြီးစားကို သုံးသွားတာ ဖြစ်ပြီး P20 ကတော့ 3400 mAhဘက်ထရီသုံးထားတာ ဖြစ်ပါတယ်။

ဒီဖုန်းနှစ်လုံးစလုံးဟာကျောဘက် မှန်ကိုယ်ထည်သုံးထားပြီး Super Charge အားအမြန်သွင်းနိုင်တဲ့ နည်းပညာသုံးထားတာ ဖြစ်လို ့တစ်နာရီခွဲလောက် အားသွင်းလိုက်တာနဲ ့ဘက်ထရီလုံးဝဒေါင်းနေတဲ့ အခြေအနေကနေအားအပြည့်ဝင်နိုင်မှာ ဖြစ်ပါတယ်။ Huawei P20 Series အမျိုးအစားအသစ်တွေမှာ iPhoneXရဲ့ Notch ထက် ထက်ဝက်သေးငယ်တဲ့ Notch ကိုတပ်ဆင်ထားပြီးတာကိုတွေ့ရပါတယ်။ Dolby Atmos Cinematic အသံစနစ်ကြောင့် 3D အသံခံစားမှုကိုပေးစွမ်းနိုင်မှာပါ။ 360 Degree Face Unlock ဟာ ၀.၅ စက္ကန့်အတွင်းမျက်နှာရဲ့မည်သည့် ထောင့်နေရာကိုမဆိုဖတ်ရှုနိုင်စွမ်းရှိပြီးလွယ်ကူလျင်မြန်စွာ unlock ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Huawei P20 Pro တစ်လုံးကို မြန်မာငွေ ၁၀ သိန်း ၉ သောင်း ၉ ထောင် စျေးနဲ P20 ကို မြန်မာငွေ ၈ သိန်း ၅ သောင်း ၉ ထောင် နှင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။  ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly