အင်္ဂလန် vs ပါနားမား (ပွဲကြိုအချက်အလက်)

အင်္ဂလန် vs ပါနားမား (ပွဲကြိုအချက်အလက်)
(ဓာတ်ပုံ - အီးပီအေ)

ပွဲစဉ် - အင်္ဂလန် vs ပါနားမား (Group – G)ပွဲချိန် - ဇွန် ၂၄ ရက်၊ တနင်္ဂနွေနေ့၊ ညနေ ၆း၃၀ နာရီ (မြန်မာစံတော်ချိန်)နေရာ - Nizhny Novgorod Stadium, Russiaပေါလ်မာဆွန် ခန့်မှန်းချက် ၃-၀ ဂိုး

ပွဲကြိုအချက်အလက်

ထိပ်တိုက်တွေ့ဆုံမှု

  • အင်္ဂလန်နဲ့ ပနားမားတို့ ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။
  • ပနားမားအသင်းဟာ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းတွေ့ဆုံတဲ့ ၃၈ သင်းမြောက် အသင်းဖြစ်ပါတယ်။
  • အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၃၇ ပွဲမှာ ပထမဆုံးတွေ့ဆုံတဲ့ အသင်း ၅ သင်းမှာ တစ်သင်းကိုသာ ရှုံးနိမ့်ခဲ့ပါတယ်။ (အမေရိကန်၊ စပိန်၊ ဥရုဂွေး၊ ဟန်ဂေရီနဲ့ အီတလီအသင်းတို့ကို အနိုင်ရခဲ့။)

အင်္ဂလန်

(၁) အင်္ဂလန်အသင်းဟာ ၁၉၈၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကလွှဲလို့ အုပ်စုပွဲ ၂ ပွဲဆက် နိုင်ပွဲ တစ်ကြိမ်သာ ရှိခဲ့ပါတယ်။

(၂) တူနီးရှားအသင်းကို အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား ၄ ပွဲ နိုင်ပွဲ မရခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ (၁ ပွဲသရေ၊ ၃ ပွဲရှုံး)

(၃) အင်္ဂလန်အသင်းဟာ နိုင်ငံတကာပြိုင်ပွဲ နောက်ဆုံး ၁၁ ပွဲ ရှုံနိမ့်ထားခြင်း မရှိပါဘူး။ (၈ ပွဲနိုင်၊ ၃ ပွဲသရေ)

(၄) ကိန်းဟာ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကင်မရွန်းကို ၂ ဂိုးသွင်းယူခဲ့တဲ့ ဂယ်ရီလိုင်နီကာနောက်ပိုင်း တစ်ပွဲတည်း ဂိုး ၂ ဂိုးသွင်းယူတဲ့ ပထမဆုံး အင်္ဂလန်ကစားသမားဖြစ်လာပါတယ်။

(၅) အင်္ဂလန်အသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ဆွီဒင်အသင်းကို ၂-၂ ဂိုးနဲ့ သရေကျပြီးနောက်ပိုင်း တူနီးရှားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ခဲ့တဲ့ပွဲမှာ ပထမဆုံးအကြိမ် တစ်ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပါနားမား

(၁) ၂၀၀၆ ကမ္ဘာ့ဖလားမှာ စပိန်အသင်းကို ၄-၀ ဂိုးနဲ့ ရှုံးတဲ့ ယူကရိန်းအသင်းနောက်ပိုင်း ပါနားမားအသင်းဟာ ဘယ်လ်ဂျီယံအသင်းကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်မှုက ဂိုးပြတ်ရှုံးပွဲဖြစ်ပါတယ်။

(၂) ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲလုံး ၃ ဂိုးနဲ့အထက် ရှုံးတဲ့ နောက်ဆုံးအသင်းဟာ ၁၉၉၄ ခုနှစ်က ဂရိအသင်းဖြစ်ပြီး ဘူလ်ဂေးရီးယားနဲ့ အာဂျင်တီးနားအသင်းတွေကို ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

(၃) ပါနားမားအသင်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့ပွဲမှာ ဂိုးခြိမ်းခြောက်မှု ၂ ကြိမ်ထက် အဝါကဒ်ပြခံရမှု အကြိမ် (၅) အရေအတွက်က ပိုရရှိခဲ့ပါတယ်။

(၄) ပါနားမားအသင်းဟာ နိုင်ငံတကာပွဲ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲအထိ (၁ ပွဲနိုင်၊ ၁ ပွဲသရေ) ရှုံးနိမ့်ထားပြီး နောက်ဆုံး ၈ ပွဲမှာတော့ ၁ ပွဲသာ အနိုင်ရထားပါတယ်။ (၂ ပွဲသရေ၊ ၅ ပွဲရှုံး)

(၅) ဒီအသင်းဟာ သမိုင်းတစ်လျှောက် ဥရောပအသင်း ၁၀ သင်းနဲ့ တွေ့ဆုံရင်ဆိုင်မှာ ဘယ်အသင်းကိုမှ အနိုင်ယူထားနိုင်ခြင်း မရှိသေးပါဘူး။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အချက်အလက်နဲ့ လူစာရင်း

အင်္ဂလန်

နာမည်ကြီးအင်္ဂလန်အသင်းကတော့ ဒီအုပ်စုအတွင်းမှာ အုပ်စုပထမနေရာကို ရယူနိုင်မယ့်အသင်းအဖြစ် ရေပန်းစားနေပါတယ်။ အင်္ဂလန်ဟာ သူတို့ရဲ့အနေအထားအတိုင်း ခြေစစ်ပွဲတွေနဲ့ ခြေစမ်းပွဲတွေမှာတော့ ခြေစွမ်းကောင်းတွေကို ပြသခဲ့ပြီး ခြေစစ်ပွဲအတွင်း ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၈ ပွဲနိုင်၊ ၂ ပွဲ သရေကျကာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်ဟာ အဆိုပါခြေစမ်းပွဲတွေထဲက ဂျာမနီ၊ ဘရာဇီး၊ အီတလီတို့လိုအသင်းတွေကိုလည်း သရေကစားနိုင်ခဲ့ပြီး ဟော်လန်ကို အနိုင်ယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းထက်မြက်ခဲ့ပါတယ်။ ဒါပေမယ့် သတိပြုရမယ့်အချက်က နည်းပြ ဆောက်ဂိတ်ရွေးချယ်ထားတဲ့ ကစားသမားတွေကတော့ လူငယ်တွေ များလွန်းနေတာက နိုင်ငံတကာပြိုင်ပွဲကြီး အတွေ့အကြံုနုနယ်မှုက အင်္ဂလန်အတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နည်းပြ ဆောက်ဂိတ်အတွက်လည်း ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲကြီးလည်းဖြစ်နေပါတယ်။

လူစာရင်း

ဂိုး - ဘတ်လန်း(စတုတ်)၊ ပစ်ဖို့ဒ်(အဲဗာတန်)၊ နစ်ပုပ်(ဘန်လေ)
နောက်တန်း - အာနိုး(လီဗာပူး)၊ ကာဟေးလ်(ချဲလ်ဆီး)၊ ဖာဘီယန်ဒဲလ်၊ ဂျွန်စတုန်း၊ ဝေါ်လ်ကာ(မန်စီးတီး)၊ အက်ရှ်လေယန်း၊ ဖီးဂျံုးလ်(မန်ယူ)၊ မာဂူရီ(လက်စတာ)၊ ဒန်နီရို့စ်၊ ထရစ်ပီယာ(စပါးစ်)
အလယ်တန်း - အလီ၊ ဒိုင်ယာ(စပါးစ်)၊ ဟန်ဒါဆန်(လီဗာပူး)၊ လင်ဂတ်(မန်ယူ)၊ လော့တက်ချက်(ပဲလေ့စ်)
ရှေ့တန်း - ဟယ်ရီကိန်း(စပါးစ်)၊ ဗာဒီ(လက်စတာ)၊ ရက်ဖို့ဒ်(မန်ယူ)၊ စတာလင်း(မန်စီးတီး)၊ ၀ဲလ်ဘတ်(အာဆင်နယ်)

ပါနားမား

ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့တဲ့ ပါနားမားအသင်းဟာ ဒီအုပ်စုအတွင်းမှာတော့ အတွေ့အကြုံပိုင်း အနုနယ်ဆုံးအသင်းလို့ ဆိုရပါမယ်။ ဒီအသင်းဟာ ၂၀၁၇ ကွန်ကာကပ်ဖ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး ခြေစစ်ပွဲအတွင်းမှာလည်း အမေရိကန်အသင်းကိုတောင် ကျော်ဖြတ်ကာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အထိ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားအုပ်စုအတွင်း ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်တို့လို အသင်းတွေကို ကျော်ဖြတ်ပြီးတော့ နောက်တစ်ဆင့်တက်နိုင်ဖို့ဆိုတာက ပါနားမားအတွက် ခက်ခဲလွန်းပါတယ်။ ပါနားမားအသင်းအနေနဲ့ကတော့ ဒီတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်နဲ့သာ ကျေနပ်ရဖို့ အလားအလာရှိပါတယ်။

လူစာရင်း

ဂိုး - ကယ်ဒီရွန်(ကော်ရယ်ရို)၊ ပီနီဒို(ဘူခါရက်)၊ အဲလက်ရိုဒရီဂေးဇ်(ဖန်ဆစ္စကို)
နောက်တန်း - ဘာလော်(မူနီစီပယ်)၊ ကူမန်းစ်(အက်ကွက်)၊ ဒါဗစ်(ဆရီဒါ)၊ အက်စကိုဘာ၊ မူရယ်လို(နယူးယော့ခ်ရက်ဘူး)၊ မာချန်ဒို(ဒိုင်နာမို)၊ အိုဗယ်လီ(အိုလင်ပီယာ)၊ ရိုမန်တောရက်စ်(ဆောင်ဒါ)
အလယ်တန်း - ဘာစီနက်စ်(တန်ပါချူလာ)၊ ကူပါ(ယူနီဗာဆီဒက်)၊ ဂိုဒေါ(အက်ကွက်စ်)၊ ဂိုမက်ဇ်(ဘူကာရာမန်ဂါ)၊ ပီမန်ဒယ်(အမ်မာဒေါ)၊ ကွင်တီရို(ယူနီဗာဆီတာရီိယို)၊ လူးဝစ်ရိုဒရီဂေးဇ်(ဂျန့်)
ရှေ့တန်း - အာရီယို(အေလာဂျူ)၊ ဒိုင်ယက်ဇ်(ဒီပို့တီဗိုဖာဘရယ်)၊ ပီရက်ဇ်(မူနီစီပယ်)၊ တီဂျာဒါ(စပေါ့လ်ဘွိုင်း)၊ ဂါဘရီရယ်တောရက်စ်(ဟူချီပါတို)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags