ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် ဖားကန့်မြို့နယ်အတွင်း နေထိုင်ရေး ခက်ခဲနေ

ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် ဖားကန့်မြို့နယ်အတွင်း နေထိုင်ရေး ခက်ခဲနေ

ဇွန် ၂၄၊ ဖားကန့် ။              ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဇွန်လ ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြို၍ ဥရုချောင်းရေလျှံပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ လတ်တလောတွင်   ရေပြန်ကျသွားသော်လည်း နေထိုင်ရေးခက်ခဲနေကြောင်း ဖားကန့်မြို့ခံများက ဆိုသည်။

ဥရုချောင်းရေလျံမှုကြောင့် ဖားကန့်မြို့အတွင်း လမ်းများပေါ်နှင့် လူနေအိမ်များ ရေဝင်ရောက်ကာ နေအိမ်များမျောပါ၍ မြေပြိုမှုကြောင့် လူ (၅)ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုရှိခဲ့ကြောင်း သိရသည်။

" ဌာနဆိုင်ရာတွေကတော့ ဘက်ဖိုးတွေနဲ့ လမ်းတွေအကုန်ရှင်းသွားပြီး လမ်းတွေအကုန်ပေါက်သွားပြီ သွားလာရေးမက်ခဲတော့ဘူး နေဖို့ထိုင်ဖို့ကတော့ အဆင်မပြေသေးဘူး ဘာလို့လဲဆိုတော့ အိမ်တွေပါသွားတာကို နေစရာမရှိတော့ဘူး ကျွန်မအိမ်နားက ၃ လုံး ဝန်ထမ်းအိမ်ယာဘက်က ၄ လုံး၊ ကျွန်မတို့ရပ်ကွက်ထဲ ရ လုံးလောက် ပါသွားတယ်" ဟု မှော်ဝမ်း ရပ်ကွက် (၅)မှ မစန္ဒာက မဇ္ဇျိမသို့ ပြောသည်။

ဒေသခံတွေ အနေဖြင့် နေထိုင်ရေး ခက်ခဲနေသည့်အတွက် နီးစပ်ရာဆွေးမျိုးများထံနှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်ရပြီး အလှူရှင်များ ရှိသောကြောင့် ရေအခက်အခဲနှင့် စားသောက်ရေးအဆင်ပြေကြောင်း သိရသည်။

ဖာကန့်မြို့နယ်အတွင်း နှစ်စဉ် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေလျံကာ ရေကြီးရေမှုများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်ဖြစ်ပွားမှုသည် အဆိုးဆုံးဖြစ်သည်ဟု ဒေသခံများ ပြောဆိုချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly