Mytel ဆင်းကဒ် တပ်မတော်သားများအား လစာဖြတ်တောက်ရောင်းချခြင်းမရှိဟုဆို

Mytel ဆင်းကဒ် တပ်မတော်သားများအား လစာဖြတ်တောက်ရောင်းချခြင်းမရှိဟုဆို

ဇွန် ၂၄။ ။          ။  Mytel ဆင်းကဒ်များကို တပ်မတော်သားများအား လစာထဲမှဖြတ်တောက်၍ ရောင်းချနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးကပြောသည်။

လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံနေသော သတင်းများနှင့် ပတ်သတ်ပြီး ဇွန်လ ၂၂ရက်က ရန်ကုန်မြို့၊ ParkRoyal ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

" တပ်မတော်သားတွေ Mytel မဝယ်မနေရဆိုတဲ့ကိစ္စ၊ ဒါကတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ၀ယ်ကို ၀ယ်ရမယ်လို့ မလုပ်ပါဘူး၊ ဘာလို့လဲဆိုတော့ အခုကျွန်တော်တို့ပေးတဲ့ ဆားဗစ်ကိုကြိုက်တယ်၊ စျေး သက်သာလို့ သုံးတာပဲဖြစ်မှာပါ" ဟု Mytel၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြော သည်။

" ကျွန်တော်တို့ ဒါမျိုးလည်းလုပ်မှာမဟုတ်ပါဘူး၊ မတော်တဆ ကျွန်တော်တို့ကို အားပေးတဲ့ ပရိတ် သတ်မရှိရင်တောင် ဒါမလုပ်သင့်တဲ့ ကိစ္စတစ်ခုပါ၊ အခုဟာက ၀ယ်ယူသူက သူ့ဖာသာသုံးနေတဲ့ ကိစ္စ၊ ကျွန်တော်တို့က အတင်းလုပ်တယ်ဆိုတာ ကောလဟာလသာဖြစ်ပါတယ်၊ အဲဒါကြောင့် လစာဖြတ် တောက်တယ်ဆိုတာလည်း အဓိပ္ပါယ်မရှိပါဘူး၊ ကျွန်တော်တို့လည်း နားလည်ပါတယ်၊ နဂိုလ်ကတည်း ကမှ ကျွန်တော်တို့ဆိုရင် ပြောချင်ချင်ဖြစ်နေတာ" ဟု ဦးဇော်မင်းဦးက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏စတုတ္တမြောက်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် Mytel သည် ဆင်းကဒ်များကို နေပြည်တော်၊ ပဲခူး၊ ကရင်၊ မွန်ပြည်နယ်များတွင် မတ်လ ၃၀ရက်မှ စတင်၍ ဆင်းကဒ်များကို ရောင်း ချခဲ့သည်။ Mytel 4G ကွန်ယက် တရားဝင် မိတ်ဆက်ခြင်းအခမ်းအနားကို ဇွန်လ ၉ ရက်နေ့၌ ရန်ကုန်မြို့ Pullman Hotel တွင် ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းသို့ တရားဝင်မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်ပြီး ၁၀ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆင်းကဒ်အရေအတွက် တစ်သန်းကျော်ရောင်းချခဲ့ရသည်ဟု ဦးဇော်မင်းဦးကပြောသည်။

Mytel အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၆၀၀၀ ခန့် တည်ဆောက်ပြီးဖြစ် သည့်အတွက် မြန်မာနိုင်ငံ၏ ရ၂ ရာခိုင်နူန်းကို လွှမ်းခြံုထားကြောင်း သိရသည်။

ဗီယက်နမ်နှင့်မြန်မာနှစ်နိုင်ငံပူးပေါင်းထားသော Mytel ကုမ္ပဏီတွင် ဗီယက်နမ်နိုင်ငံ Viettel ကုမ္ပဏီမှ ၄၉ ရာခိုင်နူန်းပါ၀င်ထားပြီး Star High Public Company Limited နှင့် Myanmar National Telecom Holding Public Limited တို့မှ ရှယ်ယာ ၅၁ ရာခိုင်နူန်း ပါ၀င်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly