ဘန်ကောက်တွင် စက်ရုပ်နည်းပညာသင်ကြားရေး စင်တာ ဖွင့်လှစ်

ဘန်ကောက်တွင် စက်ရုပ်နည်းပညာသင်ကြားရေး စင်တာ ဖွင့်လှစ်

ဘန်ကောက်၊ ဇွန် ၂၃ ။         ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စီမံခန့်ခွဲရေးသိပ္ပံကျောင်းက စက်ရုပ်များကို ပြသခြင်း၊ ၎င်း၏ ဓာတ်ခွဲခန်းများ ပြသခြင်းဖြင့် စက်ရုပ်နှင့် အော်တိုစက်ပစ္စည်းများစနစ် တီထွင်ဆန်းသစ်မှုစင်တာ iCRAS ကို ဇွန် ၂၂ ရက်က တရားဝင် ဖွင့်လှစ်လိုက်သည်။

စက်ရုံလက်တံများက ပစ္စည်းများ ဆုပ်ကိုင်သယ်ရွှေ့နေမှု၊ Yumi ဆိုသည့် စက်ရုံက ငှက်သိုက်မုန့် လုပ်နေမှုတို့အား လာရောက်လည်ပတ်သူများက မြင်တွေ့ကြည့်ရှုကြရသည်။

စင်တာကို ဘတ်ငွေ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ သန်း) အကုန်အကျခံကာ စက်ရုပ်နည်းပညာ လက်တွေ့ အလုပ်ဖြစ်သော ပညာတတ်များ မွေးထုတ်နိုင်ရေးအပြင် နောက်ဆုံးပေါ် စက်ရုပ်မော်ဒယ်များ၏ လုံးဝပြည့်စုံသော နည်းပညာများ စုဆောင်းနိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း iCRAS က ဆိုသည်။

ပြီးခဲ့သည့်နှစ်ကလည်း iCRAS သည် ကျောင်းသားများ အော်တိုနည်းပညာရပ်နှင့် ထုတ်လုပ်မှုများ၊ ဆော့ဖ်ဝဲရေးဆွဲမှုများ၊ အင်တာနက်နည်းပညာ၊ စက်ရုပ်လက်တံတီထွင်မှု စသည်တို့ကို သင်ယူနိုင်သည့် စက်ရုပ်နှင့် အော်တိုနည်းပညာဆိုင်ရာ ဌာနကို တည်ထောင်ခဲ့သည်။

ကျောင်းသားများအနေဖြင့် နိုင်ငံတကာမိတ်ဖက်ပြုသည့် အခွင့်အလမ်းများကိုလည်း ရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly