ပိုက်ဆံအတုတွေကို Printer ရိုးရိုး A4 စာရွက်နဲ့ ထုတ်သူတွေ ပုသိမ်မှာဖမ်းမိ

ပိုက်ဆံအတုတွေကို Printer ရိုးရိုး A4 စာရွက်နဲ့ ထုတ်သူတွေ ပုသိမ်မှာဖမ်းမိ

ပုသိမ်၊ ဇွန်လ ၂၃။      ။  ငွေစက္ကူ တစ်သောင်းတန်နဲ့ ငါးထောင်တန်တွေ အတုပြုလုပ်သူတွေကို ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ငွေစက္ကူအတု ပြုလုပ်သူတွေအဖြစ် ဦးအောင်နိုင်ဝင်း၊ ဦးညီညီအောင်၊ ဦးသန့်ဇော်ကိုနှင့် နန့်စန်းစန်းအောင်တို့ လေးယောက်ကို ပုသိမ်မြို့နယ် ရဲစခန်းက ပ၂၈၅/၂၀၁၈ ၊၂၀၁၃မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ၁၀၅၊၁၀၆ ဖြင့် အမှုဖွင့်လိုက်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ Printer အမျိုးအစားမှာ Espon နဲ့ စာရွက်များတွေကတော့ Espon အမျိုးအစားစာရွက်ဖြစ်ပြီး A4 ဆိုဒ်တွေကို အသုံးပြုပြီး ငွေစက္ကူအတုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ ငွေစက္ကူအတုတွေကတော့ ရ၀၀၀၀၀ ကျော်ပါတယ်။

“ငွေအတုတွေ ယူလာခဲ့ ငွေအစစ်နဲ့ လဲမယ်ဆိုပြီး မျှားခေါ်ခဲ့ပါတယ်၊ အောင်နိုင်ဝင်နှင့် ညီညီအောင်တို့ကို သက်သေများ ရှာဖွေရာ ၆၁၅၀၀၀ကျပ်ကို အောင်နိုင်ဝင်း ခါးကြားက ကြွပ်ကြွအ်အိတ်နဲ့ ထိုးထားတဲ့ ကြွပ်အိတ်ထဲမှာတွေ့ရပြီး စစ်ဆေးတဲ့အခါ ငွေအတုဖြစ်နေလို့ စခန်းကိုခေါ်ယူစစ်ဆေးပါတယ်” လို့ ပုသိမ်မြို့နယ ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်စိုးက ပြောပါတယ်။

ဒါ့အပြင် “စခန်းကို ခေါ်ယူစစ်ဆေးပါတယ်၊ ငွေတွေဘယ်ကရလဲ ကွင်းဆက်ကို ဖော်ထုတ်တဲ့အခါမှာ အမှတ် ၁ ရပ်ကွက် ရွှေဘုံသာ ဘုရားလမ်းမှာနေတဲ့ သန့်ဇော်ကို ဆီကရတာသိရလို့ ၎င်းအိမ်ဆက်လက်ရှာဖွေရာ ကွန်ပျုတာတစ်လုံး စကင်နာတစ်လုံး Printer တစ်လုံးနှင့် ငွေတုတွေလုပ်ထားတဲ့ ပေတံတွေ ဓားတွေ စာရွက်စာတမ်းအပိုတွေ ရရှိပါတယ် သူတို့ထံက ငွေစက္ကူအတုများ သိမ်းဆည်းရမိပါတယ်” လို့လည်း ရဲမှူး ခင်မောင်စိုးက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly