စည်ပေါင်း ရ,၅၀၀ ကျော်နဲ့ ဖန်တီးထားတဲ့ ထူးခြားတဲ့ အနုပညာလက်ရာတစ်ခုကို လန်ဒန်မှာ ထုတ်ဖော်

စည်ပေါင်း ရ,၅၀၀ ကျော်နဲ့ ဖန်တီးထားတဲ့ ထူးခြားတဲ့ အနုပညာလက်ရာတစ်ခုကို လန်ဒန်မှာ ထုတ်ဖော်

ဇွန် ၂၃ ။           ။ ဗြိတိန်ရဲ့ လန်ဒန်မြို့ Hyde Park ပန်းခြံထဲက Serpentine ရေကန်ကြီးထဲမှာတော့ ထူးခြားတဲ့ ဖန်တီးမှုလက်ရာတစ်ခုကို အများပြည်သူ လေ့လာကြည့်ရှုလို့ရအောင် ထုတ်ဖော်ပြသထားပါတယ်။

'Mastaba' လို့ခေါ်တဲ့ ယင်းဖန်တီးမှုကတော့ ကျွမ်းကျင်ပညာရှင် Christo ရဲ့ လက်ရာဖြစ်ပြီး ယင်းမှာတော့ ရေနံစည်ပိုင်းပေါင်း ရ,၅၀၆ စည်ကို လှပအောင် စီတန်းဖန်တီးထားတာဖြစ်ပါတယ်။

ဒီလို စည်တွေနဲ့ စီတန်းထားတဲ့ ၎င်းရဲ့ ဖန်တီးမှု လက်ရာဟာ ဘယ်လိုအဓိပ္ပါယ် ဆောင်သလဲ ဆိုတာကိုတော့ ကြည့်ရှုသူတွေကိုယ်တိုင်ပဲ လွတ်လပ်စွာ ယူဆတွေးတောနိုင်ကြောင်း Christo က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly