အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၂၄ ။           ။ စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနားကို ဇွန်လ ၂၃ ရက်နေ့၊ မနက်ပိုင်း က ရန်ကုန်မြို့၊ သုဝဏ္ဏ အမျိုးသားအားကစားရုံမှာ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို အိန္ဒိယသံရုံး(ရန်ကုန်)ကနေ ဦးစီးပြီး မြန်မာနိုင်ငံက ယောဂအဖွဲ့အစည်း ၁၆ ဖွဲ့က ယောဂပညာရှင်များ၊ ၀ါသနာရှင်များ စုပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံတွင် ပထမ ဆုံးအကြိမ်အဖြစ် အိန္ဒိယသံရုံးနှင့် ၀ါသနာရှင်များပူးပေါင်းပြုလုပ်ခဲ့ကြပြီး ယခု စတုတ္ထအကြိမ်မြောက် အခမ်းအနားတွင် လက်တွေ့ယောဂလေ့ကျင့်ခန်းများနှင့် ယောဂပညာအထူးသရုပ်ပြကွက်များလည်း ပြသခဲ့ကြသည်။

"ယောဂဟာ စိတ်နဲ့ခန္ဓာကိုယ်၊ အတွေးနဲ့လှုပ်ရှားမှု ချုပ်တည်းမှုနဲပပြည့်သမှုတွေက်ို ညီညွတ်အောင် ချိတ်ဆက်ပေးပါတယ်၊ လူသားနဲ့သဘာဝ ကျန်းမာရေး၊နေထိုင်ကောင်းရေးကိုလည်း ဆောင်ရွက်ပေး ပါတယ်၊ ကမ္ဘာ့လူသားတွေရဲ့ ကျန်းမာကြံခိုင်ရေးအတွက် ယောဂလေ့ကျင့်ခြင်းကနေ အကျို်းကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vikram Misri က ပြောသည်။
ယောဂကျင့်စဉ်သည် ကမ္ဘာတဝှမ်းတွင် ရေပန်းစားလာသည့် ကျန်းမာရေးကျင့်စဉ်တစ်မျိုးဖြစ်ပြီး ခန္ဓာ ကိုယ်တစ်ခုတည်း အားစိုက်လေ့ကျင့်ရခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ လေ့ကျင့်နိုင်သည့် ကျင့်စဉ် တစ်ခု ဖြစ်သည်။ ယောဂကျင့်စဉ်ကို အသက်(၇)နှစ်က စတင်ပြီး အသက်(၈၀)အထိ အသက်အရွယ် မရွေးလေ့ကျင့် နိုင်သည်ဟု ယောဂနည်းပြချုပ် ဦးခင်မောင်ဆွေက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ယောဂနေ့အခမ်းအနားများနှင့်ကျင့်စဉ်ပြန့့်ပွားရေးများ ဆောင်ရွက်သွားမည်ဟု ၄င်းက ဆက်ပြော သည်။

" ၂၀၀၂ ခုနှစ်က ကျွန်တော်ကနေ စပြီးတော့ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ပါတယ်၊ ကျွန်တော်က အောင်ပန်းကပါ၊ တစ်ချို့ဆို ကိုယ့်ဖာသာကိုယ် ယောဂနေ့အခမ်းအနားတွေ လုပ်နေပြီ၊ နှစ်တိုင်း လုပ် သွားမှာပါ၊ ယောဂဟာ တစ်ကယ့်ကို ဆေးဝါးမလိုတဲ့ကျင့်စဉ်တစ်ခုပါ၊ လူတိုင်း အသက်အရွယ်မရွေး လေ့ကျင့်သင့်ပါတယ်" ဟု ယောဂနည်းပြချုပ် ဦးခင်မောင်ဆွေက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက် နေ့၊ နံနက်ပိုင်းကလည်း ရန်ကုန်မြို့၊ရွှေတိဂုံဘုရားအနီး၊ ပြည်သူ့ရင်ပြင် တွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့်အခြားမြို့နယ်များမှ ယောဂပညာရှင်များနှင့် ၀ါသနာရှင် ၃၀၀ ကျော် စုပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့သည်။

ယောဂကျင့်စဉ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်က အိန္ဒိယနိုင်ငံတွင် စတင်ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂကနေ အပြည်ပြည်ဆိုင်ရာယောဂနေ့ကို အတည်ပြု ပေးခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံက အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားကျင်းပရန် သဘောတူခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ ယောဂ နေ့အဖြစ် နှစ်စဉ် ဇွန်(၂၁)ရက်ကို သတ်မှတ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly