ဘေးလ်၏ အာဆင်နယ်အပြောင်းအရွှေ့အကြောင်းကို အေးဂျင့်ထုတ်ပြော

ဘေးလ်၏ အာဆင်နယ်အပြောင်းအရွှေ့အကြောင်းကို အေးဂျင့်ထုတ်ပြော

ဇွန် ၂၃၊ လန်ဒန်။           ။ ဝေးလ်ကစားသမား ဂါရတ်ဘေးလ်အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်မရပါက ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာရန်ကြိုးစားလိမ့်မည်ဟု အေးဂျင့်ဖြစ်သူက ဝန်ခံလိုက်သည်။

သို့သော် စပါးကစားသမားဟောင်းအနေဖြင့် အသင်းဟောင်း၏ လန်ဒန်မြောက်ပိုင်းမြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ရန်မှာမူ အခွင့်အရေးလွန်စွာနည်းပါးနေသည်။

ပြီးခဲ့သည့်လ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးနောက် နွေရာသီတွင် အနာဂါတ်ကို စဉ်းစားဖွယ်ရှိကြောင်း ဘေးလ်ကဆိုခဲ့ပြီးနောက် အပြောင်းအရွှေ့သတင်းများစွာ ထွက်ပေါ်လာခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ကစားသမားမှာ လူစားဝင်းပြီးနောက် လီဗာပူးလ်ဘက်သို့ နှစ်ဂိုးသွင်းခဲ့သော်လည်း ပွဲအစမှ ကစားခွင့်မရခြင်းအပေါ် စိတ်ပျက်ခဲ့သည်။

ဘေးလ်၏အေးဂျင့် ဂျိုနသန် ဘားနက်က ကစားသမားဖြစ်သူသည် စပိန်တွင်ပျော်နေသော်လည်း နည်းပြသစ် လိုပက်တီဂွီ၊ ရီးယဲလ်မက်ဒရစ်တို့နှင့် ဆွေးနွေးရန် ကြိုးစားနေဆဲဟု ပြောသည်။

“ကျွန်တော်တို့ ရီးယဲလ်နဲ့ ဆွေးနွေးရမယ်ထင်တယ်။ ဘာဆက်ဖြစ်မလဲ ကြည့်ရတာပေါ့။ သူက ဘောလုံးကစားချင်တယ်။ ပြီးခဲ့တဲ့ နှစ်ကထက် ပိုကောင်းချင်တာ။

ပွဲများများ ကစားချင်တယ်။ အဲဒါက သူ့အတွက် အရေးကြီးဆုံးပဲ။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမား ၃၊ ၄ ယောက်ထဲက တစ်ယောက်လို့ ကျွန်တော်ထင်တယ်။

ကျွန်တော်က အာဆင်နယ်ပရိသတ်ဆိုတော့ သူ့ကို အဲဒီမှာတော့ ကစားစေချင်တာပေါ့။ ဒါပေမဲ့ အဲဒါက ကျွန်တော် လကမ္ဘာကို ရောက်ဖို့ အခွင့်အရေးနဲ့ အတူတူလောက်ပဲ”ဟု ဘားနက်က ဆိုသည်။

ဂါရတ်ဘေးလ်ကို မန်ချက်စတာယူနိုက်တက်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားနေကြသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly