ဇွန် ၂၃၊ စိန့်ပီတာစ်ဘာ့ဂ်။ ။ ဇွန် ၂၂ ရက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ကော်စတာရီကာအသင်းကို နှစ်ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရပြီးနောက် ကွင်းထဲမှာ ထိုင်ငိုဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို နေမာက ဖွင့်ဟခဲ့ပါတယ်။
ထပ်ဆောင်းအချိန်ပိုကျမှ အနိုင်ရခဲ့တဲ့ ပွဲအတွင်းမှာ ဘရာဇီးတိုက်စစ်မှူး နေမာဟာ စိတ်ဖိစီးမှုများခဲ့ပြီး ပွဲအချိန်အတွင်း စိတ်ပျက်တဲ့ အမူအယာတွေလည်း ပြသခဲ့ပါတယ်။
နေမာဟာ ဒိုင်လူကြီးနဲ့ ကွင်းထဲမှာရော၊ ပထမပိုင်းအပြီး အဝတ်လဲခန်းသွားတဲ့ လမ်းမှာပါ အငြင်းအခုံဖြစ်ခဲ့တာကို ရုပ်သံတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ကွင်းထဲထိုင်ငိုခဲ့တဲ့ပြန်တဲ့ နေမာရဲ့အပြုအမူက လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ ဒါကြောင့် နေမာက သူဘာကြောင့် ငိုခဲ့ရတယ်ဆိုတာကို တွစ်တာနဲ့ အင်စတာဂရမ်ကနေ ပြန်လည်ဖြေရှင်းခဲ့တာပါ။
နေမာက “ကျွန်တော် ဒီနေရာကို ဘယ်လိုလာခဲ့ရတယ်ဆိုတာ လူတိုင်းမသိကြပါဘူး။ ဝမ်းသာလွန်းလို့ မျက်ရည်ကျလာတာပါ။ ကျွန်တော့်ဘဝအဖြစ်အပျက်တွေက အခုမှ မဟုတ်ပါဘူး ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။
အိပ်မက် ဆက်မက်နိုင်ပြီ။ မဟုတ်ဘူး အိပ်မက်မဟုတ်ဘူး။ ရည်ရွယ်ချက်ပါ။ အနိုင်ရလို့ ဂုဏ်ယူပါတယ်”လို့ ရေးသားထားတာပါ။
ဘရာဇီးအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲပြီးခါနီး ထပ်ဆောင်းအချိန်ပိုကျမှ ကော်တင်ဟိုနဲ့ နေမာတို့က သွင်းယူခဲ့ပါတယ်။
တခြားပွဲစဉ်တွေမှာတော့ နိုင်ဂျီးရီးယားက အိုက်စလန်ကို နှစ်ဂိုး၊ ဂိုးမရှိ။ ဆွစ်ဇာလန်က ဆားဘီးယားကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
Ref; Mirror