နန့်တက်စ်နောက်ခံလူ ပါပီဒီလာဘာဂျီကို ချယ်လ်ဆီးခေါ်ယူ

နန့်တက်စ်နောက်ခံလူ ပါပီဒီလာဘာဂျီကို ချယ်လ်ဆီးခေါ်ယူ

ချယ်လ်ဆီးအသင်းသည် ပြင်သစ်ကလပ် နန့်တက်စ်အသင်းမှ ဆီနီဂေါလက်ရွေးစင်နောက်ခံကစားသမား ပါပီဒီလာဘာဂျီကို ပြောင်းရွှေ့ကြေး ပေါင် ၂ ဒသမ ၇ သန်းဖြင့် ခေါ်ယူလိုက်ပြီဟု သတင်းများ ထွက်ပေါ်လာသည်။

ဒီလာဘာဂျီနှင့် ပတ်သက်ပြီး ချယ်လ်ဆီးအသင်းဘက်က တစ်စုံတစ်ရာထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း နန့်တက်စ်အသင်းဘက်က ထုတ်ပြန်ကြေညာထားသည်။ နန့်တက်စ်အသင်းသည် ၎င်းတို့၏ ဝက်ဘ်ဆိုက်နှင့် တရားဝင်တွစ်တာအကောင့်တွင် ဒီလာဘာဂျီသတင်းကို ဖော်ပြထားခြင်း ဖြစ်သည်။

'ဒီလာဘာဂျီရဲ့ အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းနဲ့ ကစားသမား သုံးဦး၊ သုံးဖက်စလုံးက သဘောတူညီမှု ရရှိခဲ့ပါပြီ။ ဒီလာဘာဂျီကို လာမယ့်လေးနှစ်မှာ ချယ်လ်ဆီးကစားသမား အဖြစ်မြင်တွေ့ ရမှာပါ။ ဒီလာဘာဂျီရဲ့ တိုးတက်မှုအတွက် နန့်တက်စ်အသင်းက ဂုဏ်ယူပါတယ်' ဟု နန့်တက်စ်အသင်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဒီလာဘာဂျီသည် အရပ်ခြောက်ပေ သုံးလက်မခွဲ မြင့်သူဖြစ်ပြီး နန့်တက်စ်အသင်းအတွက် ၁၆၉ ပွဲတွင် ၉ ဂိုးသွင်းယူပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly